Part 12

1.5K 35 0
                                    

Unicode

           💜  ဝန်ကြီးချုပ်ရဲ့အချစ်တော်💜
          💜    Prime minister's Love    💜

EPISODE 12{Part 1}

နှင်းရဲ့အဖြေကြောင့် ခန့်လည်း ကသိကအောက်ဖြစ်သလို ခံစားရသည် ခါတိုင်းဆို သူမက အိမ်ထဲမှာ ဘယ်အရာဖြစ်ဖြစ်တက်ကြွနေသူမလား

"မေမေမဆင်းဘူးဆို နှင်းလေးလည်းမဆင်းတော့ဘူး ဖေဖေ"

"အွန်း ဒါဆို အပေါ်မှာသွားဆော့နေနော် သမီး"ဆိုပြီး အောက်ဆင်းသွားတဲ့ခန့်

ခန့်သွားတာနဲ့နှင်းရဲ့မျက်နှာပေါ် အပြုံးတစ်ပွင့် ထိုအပြုံးပွင့်နဲ့အတူ စိတ်ထဲကစကားကိုတော့ နှင်းကလွဲ ဘယ်သူမှမသိနိုင်

ဦးက နှင်းကို ညီမလေးလို့ပဲသံယောဇဥ်ရှိတာမလား ဦးရဲ့အပြောအတိုင်း နှင်းနေပေးပါ့မယ်

"မေမေ မီးရုပ်ရှင်ကြည့်ချင်တယ်"

"သကြန်ကားကြည့်မလား နှင်းလေး သကြန်နီးပြီလေ"

"ဟုတ်မေမေ နှင်းလေး သကြန်တစ်ခါမှအပြင်မှာမဆော့ဖူးဘူးသိလား"

နှင်းလေးရဲ့အဖြေကြောင့် နှင်းတောင်အံ့သြသွားသည်

နှင်းတို့မောင်နှမလေးယောက်ဆို သကြန်ဆော့ချင်လွန်းလို့ ကားပေါ်မျက်နှာဖုံးစွပ်ပြီးလျှောက်လည်ကြတာ မမကတည်ငြိမ်တယ်ဆိုပေမယ့် သကြန်တစ်ခုတော့ နှင်းတို့နဲ့အပြိုင်ကဲတယ်လေ

"ဒီနှစ်သကြန်မေမေနဲ့လျှောက်လည်မယ် ဟုတ်ပြီလား မနက်ဖြန်ကျ လျှောက်လည်ရင်ဝတ်ဖို့ အကျီသွားဝယ်မယ်"

"ရေး.....သကြန်ဆော့ရတော့မယ်"

နှင်းလေးက ipadနဲ့ဖွင့်ပေးထားတဲ့ရုပ်ရှင်ကိုကြည့်ရင်း အိပ်ပျော်သွားပြီ နှင်းလေးကို သူ့အခန်းထဲရွှေ့ပေးဖို့ကျ နှင်းလည်းမနိုင် ဦးကိုရွှေ့ခိုင်းရမှာမို့ ဦးတို့အောက်မှာ စားနေကြတာ ပြီးပြီလားလို့ ဝရံတာထွက်လှမ်းကြည့်တော့လည်း မပြီးသေး ဒါကြောင့် ကုတင်ပေါ်ပဲပြန်လာပြီး လိုင်းဖွင့်ကာဟိုကြည့်ဒီကြည့်

တီ တီ ဆိုပြီး Messengerမှဝင်လာတဲ့စာ

Group chatထဲကို လွှာပို့လိုက်ခြင်းပါ

Primeminister's Love (Love1) ဝန်ကြီးချုပ်ရဲ့အချစ်တော်Where stories live. Discover now