Part 35

1.7K 25 0
                                    

Unicode

💜ဝန်ကြီးချုပ်ရဲ့အချစ်တော်💜
💜Prime minister's Love💜

EPISODE 35

နှင်းဘွဲ့မယူခင်တစ်ရက်
ရန်ကုန်ကအိမ်မှာ ဖေဖေမေမေတို့အပြင်ဖိုးဖိုးနဲ့ဖွားဖွားတို့ပါ ရောက်နေပြီ

နှင်းတို့အိမ်မှာလည်း
"ဦး"

"ဘာလဲကလေးရဲ့"

"မနက်ဖြန်ကျ နှင်းဘွဲ့ယူရမယ့်နေ့နော် ဦးကတိမှတ်မိတယ်မလား"

"မှတ်မိတာပေါ့ ဘွဲ့ယူပြီးလို့ ဓါတ်ပုံရိုက်ပြီးတာနဲ့ ကစားကွင်းသွားကြမယ် ဟုတ်ပြီလား"

"ဟုတ် ဦး"

"ဒါဆို စောစောအိပ်တော့ မနက်ကျအလှပြင်ရင် မလှပဲနေလိမ့်မယ်"

"ဟုတ် ဦးကရော"

"ကိုယ်အိပ်ပါမယ်အလုပ်လေးရှိလို့ ပြီးရင်အိပ်မယ်"

"ဦးအလုပ်က ခုထိမပြီးသေးဘူးလား"

"ပြီးပါပြီ"

"အွန်း ဒါဆိုနှင်းအိပ်ပြီ"

မနက်နိုးတော့............

အလှပြင်ရမှာမို့ အစောကြီးနိုးလာတဲ့နှင်း ဦးကိုမတွေ့လို့ လိုက်ရှာတော့ သူ့ရဲ့အလုပ်စားပွဲမှာအိပ်ပျော်နေတာ

"ဦး ထလေ ရေချိုးတော့ နှင်းလေးကိုပါ ပြင်ဆင်ပေးလိုက်နော် နှင်းကပြင်ပေးတဲ့လူလာမှာမို့ စောင့်နေတာ"

"အော်အွန်း"ဆိုပြီး ထလာတဲ့ဦး

ဦးက နှင်းပြောတာလုပ်ဖို့ထွက်သွား နှင်းက ဦးရဲ့Fileတွေရှင်းပေးနေရင်း ဝင်လာတဲ့ဖုန်း

"ဦး ဖုန်းလာနေတယ်"

"အော် ဟုတ်လားပေး
ဟယ်လို"

"................................................................................"

"ဘယ်သူဆက်တာလဲဦး"

"ရုံးကဆက်တာ ကလေး"

"အော် ဟုတ်"ရုံးကဆိုတော့ နှင်းလည်းဘာမှမမေးတော့ သို့သော်ဦးက နှင်းကိုကြည့်နေတာမို့

"ဘာဖြစ်လို့လဲ ဦး နှင်းမျက်နှာတစ်ခုခုပေနေလို့လား"

"မပေပါဘူး ကလေး ကိုယ်တောင်းပန်ပါတယ်နော် စီမံကိန်းနဲ့ပတ်သတ်ပြီး အရေးတကြီးအစည်းအဝေးခေါ်လို့ အဲ့တာကိုယ်သွားမှရမယ်"

Primeminister's Love (Love1) ဝန်ကြီးချုပ်ရဲ့အချစ်တော်Where stories live. Discover now