Part 17

1.5K 36 0
                                    

Unicode

               💜ဝန်ကြီးချုပ်ရဲ့အချစ်တော်💜
              💜   Prime minister's Love   💜
EPISODE 17

ခန့် စာကိုဖတ်ပြီးတဲ့အချိန်မှာတော့ ဒီကောင်မလေးတော့ လုပ်ချလိုက်ပြီ လို့ စိတ်ထဲမှာပဲပြောကာ အောက်သို့ပြေးဆင်းလာခဲ့သည်

"သား ဘာလို့ ပြေးဆင်းလာရတာလဲ"

"နှင်းအလင်္ကာမရှိတော့ဘူးဖေဖေ"

"အင်းလေ သမီးလေး အိမ်မှာမရှိဘူး သူ့သူငယ်ချင်းတွေနဲ့အပြင်သွားတယ်"

"အဖေ ဘာလို့သွားခွင့်ပေးရတာလဲ"

"ဒီနားလေးတင်လေ သားရဲ့ ဘာဖြစ်လို့လဲ"

"အဖေ့ချွေးမက ဒီနားလေးတင်မဟုတ်ဘူးအဖေရဲ့  တခြားသားတို့မသိတဲ့နေရာကို ထွက်သွားတာ"

"ဟေ ဘယ်လို......"ဆိုပြီး ဦးအောင်မြင့်မြတ်က အံ့သြစွာပြောသလို

နှင်းလေးကလည်း "ဖေဖေ မေမေက ဘယ်သွားတာလဲဟင်"

ခန့်လည်း ဘာမှမပြောပဲ နှင်းအလင်္ကာရေးထားတဲ့စာကို ပြလိုက်သည်

ဦးအောင်မြင့်မြတ်ဖတ်ပြီးတဲ့အခါမှာတော့
နားလည်သွားပါပြီ နှင်းဘာလို့ ထွက်သွားလဲဆိုတာကိုပေါ့.......

"သား စိတ်အေးအေးထား အဖေ တည်ငြိမ့်ဆီ လှမ်းဖုန်းဆက်လိုက်မယ် သူ ဘယ်သွားလဲသိရတာပေါ့"

"ဟုတ်ကဲ့အဖေ သားလည်း ဒီနားတဝိုက်ကားမောင်းပြီး ရှာကြည့်အုံးမယ်"

"သားတစ်ယောက်တည်လား"

"ဟုတ်တယ်အဖေ ဒါကအတွင်းရေးလေ
ဒါကြောင့် Bodyguardတွေလည်း မခေါ်တော့ဘူး တခြားသူတွေသိရင်လည်း မကောင်းဘူး"

"အင်း သား ဒါမယ့်အောင်မျိုးကိုတော့ ဖုန်းလှမ်းဆက်လိုက်ပြီး သူ့ပါဝိုင်းရှာခိုင်းလိုက်"

"ဟုတ်ကဲ့အဖေ"

ခန့်လည်း အောင်မျိုးကိုပါ လှမ်းဖုန်းဆက်ပြီး သသူတို့နှစ်ယောက် ကားတစ်ယောက်တစ်စီးစီနှင့် လိုက်ရှာကြသည်

ဦးအောင်မြင့်မြတ်က ဦးတည်ငြိမ်ကို ​အကျိုးအကြောင်းပြောပြလိုက်တော့ နှင်းတို့တစ်မိသားစုလုံးလည်း နှင်းပျောက်သွားတာသိပြီး ခန့်ထည်ဝါကို အပြစ်မတင်အား အငယ်ဆုံးလေးမို့ စိတ်ပူကာ လိုက်ရှာနေကြဆဲ နှင်းသွားတတ်တဲ့နေရာတွေကိုပေါ့

Primeminister's Love (Love1) ဝန်ကြီးချုပ်ရဲ့အချစ်တော်Where stories live. Discover now