Part 3 [Zawgyi]

686 3 0
                                    

ချောင်းသာကို လေးလေးနဲ့ကိုကြီး မမတို့က တစ်စီး နှင်းတို့သူငယ်ချင်း၎ယောက်ရယ် ကိုငယ်က တစ်စီး ထွက်လာခဲ့ကြသည်

တစ်လမ်းလုံး အဲ့မျောက်သုံးကောင်က သူငယ်ချင်းဖြစ်တဲ့နှင်းကို အဖတ်မလုပ် ကားမောင်းနေတဲ့ကိုကို့ကိုသာ စကားတွေဖောင်ဖွဲ့ပြောနေကြသည်

မသိတဲ့သူဘေးကကြည့်မယ်ဆို သူတို့ကကိုကို့ရဲ့သူငယ်ချင်းတွေလို့သာထင်ကြမည်....

နှင်းလည်း ပြောမရတဲ့အဆုံး အိပ်ချလိုက်သည်

TOPပိုင်တဲ့Hotelလည်း ရောက်တော့....

"ညီမတို့ လူပဲဆင်းနော် အိတ်တွေမဖို့ အကိုခေါ်ထားတယ်သိလား ကိုကို့နှင်းလေး ဗိုက်ဆာပြီလားဟင်"လို့ ကားရပ်တာနဲ့ ခါးပတ်ဖြုတ်ရင်း ပြောလိုက်သူ မိုးဦးလင်္ကာ

"နှင်းက ညီမတို့ကို စိတ်ကောက်ပြီး အိပ်သွားတယ် ကိုကြီးရေ အခုထိမနိုးသေးဘူး"

"ဟုတ်တယ် ကိုကြီး သူက ညီမတို့ကို ကိုကြီးတို့နဲ့စကားပြောတာ သိပ်ကြိုက်တာမဟုတ်ဘူး"

"သူမကြိုက်မှန်းသိတော့ ညီမတို့က စရမှကျေနပ်တာလေ အဲ့တော့"

"အဲ့တော့ အကိုနဲ့အခုလိုတစ်လမ်းလုံးစကားပြောလာတာပေါ့ သူ့စရအောင်"ဆိုပြီး ပျို လွှာ နန်းတို့ရဲ့တစ်ခွန်းဆီပြောနေတဲ့စကားကို ပြန်ဖြေလိုက်တဲ့ မိုးဦး

ပျိုတို့သုံးယောက်လည်း ပြုံးစိစိပေါ့

သူတို့တွေစကားပြောနေတုန်းမှာပဲ ထပ်ဆိုက်လာတဲ့ကားက ဆောင်းဦးတို့မောင်းလာတဲ့ကား

"ညီ ဘာလို့မသွားကြသေးပဲ ရပ်နေသေးတာလဲ"

"ကိုကို့ညီမအိပ်ပျော်နေလို့လေ"

နှင်းအိပ်ပျော်နေတယ်ဆိုတော့

"ဟုတ်လား "ဆိုပြီး ပြိုင်တူမေးမိတာက ဦးတည်ငြိမ်နဲ့ နွေအလင်္ကာ

"နှိုးလိုက်လေ သားရဲ့"

"မနှိုးပါနဲ့ လေးလေးရဲ့ညီမလေး အိပ်ပါစေ ကျွန်တော်ချီပို့ပေးမယ် အခန်းထဲကို"လို့ သူ့ညီမလေး အိပ်နေတာပျက်မှာစိုးလို့ ​ချက်ချင်းငြင်းသူက ဆောင်း

Primeminister's Love (Love1) ဝန်ကြီးချုပ်ရဲ့အချစ်တော်Where stories live. Discover now