Part 1 (Unicode)

6.6K 72 2
                                    

“ဒီဟာက လေးလေးကြိုက်တဲ့ Black coffeeနဲ့ ပေါင်မုန့်မီးကင်

ဒါက ကိုကြီးကြိုက်တဲ့ သကြားမထည့် Coffeeခါးခါးနဲ့ နို့ဆမ်းထားတဲ့ပေါင်မုန့်ကြက်ဥကြော်

ဒါက မမကြိုက်တဲ့ရှမ်းခေါက်ဆွဲနဲ့လက်ဖက်ရည်

ဒါက ကိုငယ်ကြိုက်တဲ့ coffeeချိုချိုနဲ့ sandwich

နောက်ဆုံးက မီးကြိုက်တဲ့ ထမင်းနဲ့ပဲပြုတ်ဆီဆမ်း”

မုန့်ပန်းကန်တစ်ခုချင်းစီကို နာမည်နှင့်မုန့်ပြောရင်း လိုက်ချနေသူကတော့ နှင်းအင်္လကာပင်…

“သမီးရယ်ဒါတွေကိုမမြင့်ကိုလုပ်ခိုင်းလို့ရတာပဲဟာသမီးကဘာလို့လုပ်နေရတာလဲ ဒီနေ့စာမေးပွဲနောက်ဆုံးနေ့မလား စာသွားကျက်တာမဟုတ်ဘူး”

“ဟုတ်သားပဲ ညီမလေးရယ်”လို့ပြောသူက
နွေအင်္လကာ….

“နှင်းက လုပ်ပေးချင်လို့ဟာကို ဒီနေ့ဖြေရမယ့်ဟာတွေလည်း သေချာကျက်ပြီးပါပြီနော် နှင်းအကြောင်းသိတယ်မလား”

“နွေရယ်ပြောမရမှန်းသိရဲ့နဲ့သွားပြောနေတယ်”

“ကိုကြီးပဲ ချစ်ဖို့အကောင်းဆုံး”

“ဒါဆို လေးလေးက ချစ်ဖို့မကောင်းဘူးပေါ့”

“ဒါဆို မမက ချစ်ဖို့မကောင်းဘူးပေါ့”

“ဒါဆို ကိုငယ်က ချစ်ဖို့မကောင်းဘူးပေါ့”ဟု ပြိုင်တူထွက်လာတဲ့အသံသုံးသံ…

“အကုန်လုံးကို ချစ်တယ်နော် ဒါကြောင့် စာမေးပွဲပြီးရင် ချောင်းသာသွားဖို့ ခွင့်ပြုကြပါ”

“နွေမိုက်တယ် ကိုကိုလည်း ချောင်းသာသွားချင်နေတာ”လို့ ထပြောလိုက်တဲ့ မိုးဦးလင်္ကာ

“ညီမလေးကသွားချင်လို့လား ဒါဆို ကိုကိုအလုပ်တွေပြတ်အောင်ဖျက်ထားလိုက်မယ်နော် ပြီးရင် လိုက်ပို့မယ် ဟုတ်ပြီလား”လို့ပြောသူက
ဆောင်းဦးင်္လကာ..

“မမကရော”

“မမလည်း အလုပ်တွေ ဖျက်ထားလိုက်ပါ့မယ်ရှင့်”

“ရေး.. ဒါမှ ချစ်ဖို့ကောင်းတဲ့ နှင်းရဲ့ကိုကိုနဲ့မမတွေ”လို့ထအော်လိုက်တဲ့နှင်းပါ

Primeminister's Love (Love1) ဝန်ကြီးချုပ်ရဲ့အချစ်တော်Where stories live. Discover now