Part 15

1.6K 33 0
                                    

Unicode

              💜ဝန်ကြီးချုပ်ရဲ့အချစ်တော်💜
             💜  Prime minister's Love    💜

EPISODE 15

နှင်းအပေါ်ထပ်အခန်းကို မမပေးတဲ့resinတွေယူပြီး အပေါ်တက်လာတော့

"မေမေ ဘာတွေကိုင်ထားတာလဲဟင်"

"ဒါတွေက resinတွေလေ နှင်းလေးရဲ့ ဒါတွေနဲ့ ဆံထိုးတွေ ကလစ်တွေ ph coverတွေလုပ်လို့ရတယ်"

"လုပ်ရမှာပေါ့ နှင်းလေး ရေချိုးပြီးပြီလား"

"ရေချိုးပြီးပြီ ဒါဆိုခဏလေး မေမေရေချိုးလိုက်အုံးမယ်"

နှင်းလေးက အခန်းထဲမှာ သူ့အရုပ်တွေနဲ့ဆော့ပြီး နှင်းလည်းရေဝင်ချိုးလိုက်သည်

နှင်းရေချိုးပြီးထွက်လာတော့ ကုတင်ပေါ်မှာလှဲနေတဲ့ ဦးကိုပဲတွေ့ပြီး နှင်းလေးကိုမတွေ

"ဦး နှင်းလေးရော"

"အဖေက ထမင်းစားဖို့ခေါ်သွားတယ်"

"ဦး မနက်ကရေနွေးတွေကြောင့် နေရအဆင်မပြေလို့ လှဲနေတာလား"

"မဟုတ်ပါဘူး ဒီတိုင်းပဲ"

မနက်ကကိစ္စဆိုမှ ကလေးလို့ခေါ်လိုက်တဲ့ကိစ္စ နှင်းပြန်သတိရသွားသည် ပထမနှင်းလည်း ဦးပြောသလို နားကြားမှားတယ်လို့ထင်ခဲ့တာ သူများတွေတင်ထားတဲ့ Videoတွေကြည့်ပြီးမှ ဦးခေါ်မှန်းသေချာသွားတာ ဒီတော့ အဲ့ကိစ္စရှင်းရမယ်လေ ဦးလည်းလုပ်စရာမရှိ နှင်းလေးကလည်း ဘေးနားမရှိဆိုတော့ နှင်းမေးလို့ပိုကောင်းတယ်လေ

"ဦး"

"ဘာလဲ"

"ဦးဘာလို့ မနက်က လက်ဖက်ရည်ဆိုင်မှာ နှင်းကိုကလေးလို့ခေါ်တာလဲ"

"မနက်တည်းကပြောပြီးပြီလေ ငါမခေါ်ဘူး မင်းနားကြားမှားနေတာလို့"

"နှင်း နားကြားမမှားပါဘူး  ဦးကိုယ်တိုင်နှုတ်ကခေါ်တာ နှင်းကို နှင်းvideoတွေကြည့်ပြီးပြီ နှင်းကိုညာလို့မရဘူး "

"အဲ့လိုခေါ်လို့မရဘူးလား မင်းက ကလေးပဲလေ ကလေးမို့လို့ ကလေးလို့ခေါ်တာပေါ့"

"ခါတိုင်း အဲ့လိုမခေါ်ဖူးဘူးလေ မင်းနဲ့ငါပဲသုံးတာလေ"

"အခုသုံးတယ်မရဘူးလား"

Primeminister's Love (Love1) ဝန်ကြီးချုပ်ရဲ့အချစ်တော်Where stories live. Discover now