အခန်း- ၃

76.3K 5.7K 472
                                    

UNICODE

"သားငယ်လေး"

"ဗျာ... မေမေ"

"အခုမှ နှစ်နာရီခွဲပဲ ရှိသေးတယ်၊ ပြန်ချင်ပြီလားကွယ်"

"ရရလဲ အကြာကြီး နေချင်ပါတယ် မေမေ"

"မိုက်လိုက်တဲ့ ကလေးလေး၊ မေမေ့ရင်ထဲ မချိလိုက်တာကွယ်"

"ဝမ်းနည်းစရာတွေ တွေးမဲ့အစား ကျန်းမာအောင် နေပါ မေမေရယ်"

မျက်ရည်လေး တစမ်းစမ်းနဲ့ ရရ ပါးပြင်ကို ပွတ်သပ်နေတဲ့ မေမေ့မျက်ဝန်းမှာ ဆို့နင့်မှုတွေ အထင်းသား။

"မေမေတို့ ဒီမှာ ဘယ်လောက်ကြာမလဲဟင်"

"ရက်ပိုင်းပဲ ဖြစ်မှာပါ သားငယ်လေးရယ်"

ပြောနေရင်း တစ်ခုခု ထပ်ပြောချင်သလို ဆွေးမြေ့စွာ ကြည့်နေတယ်။ အလိုက်တသိ အနားကို တိုးလိုက်တော့ မေမေက သက်ပြင်းချတယ်။

"သားငယ်လေး သဘောထားကို အခုထိ မပြောင်းသေးဘူးလားကွယ်"

"တောင်းပန်ပါတယ် မေမေ"

"တစ်ခုခုဆို မေမေက အမြဲအသင့်ရှိနေတာ သားငယ်လေး သိတယ်မလားဟင်"

"ရရ သိပါတယ် မေမေ"

မေမေက အကြာကြီး သက်ပြင်းရှိုက်သွားပြီးမှ...

"ဒီကို လာတာ မောင်အဇဋာ သိသလား"

"ကိုကို သိပါတယ်"

"သူ ခွင့်ပြုလိုက်တာလား"

"ဟုတ်... ဟုတ်ပါတယ်"

"လိမ်ရင် ပိပိရိရိ လိမ်ရတယ် သားငယ်"

"ဖေဖေ"

အနား ရောက်လာတဲ့ ဖေဖေက မေမေ့ကို ငဲ့ကြည့်တယ်။

"မမောသေးဘူးလား ခင်နှောင်းရယ်၊ သိရဲ့သားနဲ့ မင်းမို့ ထပ်မေးပြန်ပါကောလား"

ရရ ဆံစလေးတွေကို သပ်တင်ပေးရင်း မေမေက ခေါင်းခါတယ်။

"ကိုယ့်သားလေး မျက်နှာကို မြင်ချင်တိုင်း မမြင်ရတဲ့ မိခင်တစ်ယောက်ရဲ့ သောကတွေပါ ကိုမျိုးရယ်"

"ဒါက မိခင်တစ်ယောက်အတွက် ထိုက်တန်လို့ ရောက်လာတဲ့ သောက မဟုတ်ဘူး ခင်နှောင်း၊ အမှန်တိုင်း ပြောရရင် မင့်သားငယ်ရဲ့ မဆီမဆိုင် အနစ်နာခံလိုမှု၊ အလွန်အမင်း ပေးဆပ်ချင်မှုတွေကြောင့်ပဲ"

"တစ်ခါက မိုးဥတုလေးမှာ ပုန်းညက်ပန်းတွေ ဝေဝေဆာအောင် ပွင့်ခဲ့ပေါ့" (Completed)Where stories live. Discover now