အခန်း - ၃၁

71.7K 4.7K 343
                                    

UNICODE

အိပ်ရာထ နောက်ကျပြီ ဆိုတဲ့ အသိနဲ့ ပြူးတူးပျာတာ နိုးလာပေမဲ့ ရုန်းမရအောင် ပွေ့ဖက်ထားတဲ့ ရင်ခွင်ထဲမှာ ရရ ခန္ဓာကိုယ်က နွေးထွေးလုံခြုံစွာ။ နည်းနည်းလေး လှုပ်ကြည့်ရုံနဲ့ တစ်ကိုယ်လုံး ကိုင်ရိုက်ခံထားရသလို ဖြစ်နေပြီး နွမ်းလျပျော့ခွေနေတယ်။ မော့ကြည့်တော့ ကိုကို့ရဲ့ မေးရိုးကို ထင်းလင်းစွာ မြင်လိုက်ရပါတယ်။

အခြေအနေကို ပြန်သုံးသပ်ပြီးနောက် ရရ ပါးနှစ်ဖက်မှာ နှင်းဆီခင်းတွေ ပွင့်လာတယ်။ ကိုကိုနဲ့ ရရ ညက ရင်းနှီးခဲ့ကြပြီ မဟုတ်ပါလား။ မေးဖျားကတစ်ဆင့် ပင့်မော့ငေးရတဲ့ ယောက်ျားပီသတဲ့ သွင်ပြင်ကို ငေးမောရင်း ရရ စိတ်နှလုံးက ငြိမ့်ငြိမ့်ကလေး ချမ်းမြေ့လာတယ်။

မော့နမ်းလိုက်ချင်ပေမဲ့ ကိုကို နိုးလာမှာ မလိုလား။ ခါတိုင်းဆို ရရ လှုပ်လိုက်တာနဲ့ ဆတ်ခနဲ နိုးလာတတ်တဲ့ ကိုကိုက အခုတော့ တုတ်တုတ်တောင် မလှုပ်ဘဲ နှစ်ခြိုက်စွာ အိပ်မောကျပုံက လောကကြီး တစ်ခုလုံးကို အပိုင်စိုး ရထားသလို။ ကိုယ့်ကိုယ်ကိုယ် ငုံ့ကြည့်တော့ နွေးတဲ့ အဝတ်လေး ဝတ်ပေးခြင်း ခံထားရပြီး ညက ရရ အိပ်မပျော်ခင်မှာ ရေနွေးနွေးလေးနဲ့ ကိုကို ရေပတ်တိုက်ပေးထားတာ ပြန်သတိရလာတယ်။

ကိုကို့ခမျာ တစ်ညလုံး ကောင်းကောင်း အိပ်ခဲ့ရပုံ မရ။ ရရကို ဆေးတိုက်၊ ရေပတ်တိုက်၊ နဖူးလေးစမ်း၊ ပါးလေးနမ်းနဲ့ ရရ ဖျားသွားမှာ အလွန်အမင်း ကြောက်နေဟန်။

ရရ မျက်နှာကို မလွတ်တမ်း ကြည့်နေခဲ့တဲ့ ကိုကိုက တစ်ညလုံး ရင်ခွင်ထဲမှာ ရရကို ထွေးဖက်လို့ ရရ လက်ဖမိုးလေးတွေကို ဖွဖွလေး နမ်းရှိုက်နေခဲ့ပါသေးတယ်။ အိပ်မပျော်ခင်မှာ ရရ အရေပြားတွေ အနည်းငယ် ပူလာသေးပေမဲ့ ဖျားတဲ့အထိ ဖြစ်မသွားတာက ကိုကို့ အကြင်နာတွေကြောင့် ဖြစ်မှာပါ။

ကုတင်ဘေးက စားပွဲလေးပေါ်မှာ အိတ်ကလေးနဲ့ သပ်သပ်ရပ်ရပ် ချည်ပိုးထားတဲ့ ကိုကို့ရင်သွေးတွေကို မြင်လိုက်ချိန်မှာ ပါးနှစ်ဖက်က နှင်းဆီခင်းတင်မက နှင်းဆီတောကြီး ဖြစ်လာတယ်။ ညကတည်းက ရရကို သန့်ရှင်းရေး လုပ်ပေး၊ အိပ်ရာခင်း လဲပေးပြီးတာနဲ့ အသုံးပြုပြီးသား အကာအကွယ်တွေကို ကိုကို တစ်ခါတည်း စွန့်ပစ်ဖို့ လုပ်ပါတယ်။

"တစ်ခါက မိုးဥတုလေးမှာ ပုန်းညက်ပန်းတွေ ဝေဝေဆာအောင် ပွင့်ခဲ့ပေါ့" (Completed)حيث تعيش القصص. اكتشف الآن