အခန်း - ၄၃

56.9K 3.9K 2.3K
                                    

UNICODE

"ဖေဖေ့ချာတိတ်လေးရဲ့ ချိုချိုလေး အေးစေဖို့ မွှေးမွှေးလေး ဝိုင်းပေးကြတော့မလား ဟားဟား... ဟ... ဟ... ဟ သွားပြီ ထင်တယ်"

အာမေဍိတ်နဲ့အတူ ဆန့်တငင်ငင် ခြေထောက်တွေက လေထဲမှာ တန်းလန်း ဖြစ်ကုန်တယ်။ ပေါက်ပန်းဈေးတွေ အော်လာမိတဲ့အပြင် သားနဲ့သမီးကို စနောက်ဖို့ တမင်ရွတ်တွထားမိတဲ့ မျက်နှာကြီးကို ဘယ်လို ပြန်ပြောင်းရမယ် မသိ။

သွားကြီးဖြဲရုံမက နှာခေါင်းပါ ပွထားမိပြီး မျက်လုံးကြီး ပြူးလျက် ကလေး နို့တောင်းသလို တပြွတ်ပြွတ် လုပ်ပြလက်စကြီးမို့ ဒီတစ်ခါတော့ အဖတ်ဆယ် မရအောင် အရှက်ကွဲပြီလို့ အခါခါ တွေးနေမိတယ်။

"ဟာ... ပေပေရီး ကျန်လာပီတွ၊ ညက်ရဲ့ ပေပေရီး ကျန်လာပြီ၊ ရေး..."

"အိမ်ကနေ ကြိုချိုပါရယ် ပေရီးရေ၊ ညဲတို့ တူနယ်ချင်း အလည်ရောက်နေရယ် တိရား"

သားနဲ့သမီးဆီက ကြိုဆိုသံလေးကြောင့် အားတက်သွားပေမဲ့ ဆက်ကြားလိုက်ရတဲ့ မြတ်အသံလေးကြောင့် အသက်ရှူ အောင့်ပစ်လိုက်မိတဲ့အထိ ပူပူထူထူ ဖြစ်လာတယ်။

"ပေပေရီးနော်၊ အိမ်တောင် ရောက်တေးပူး၊ ရှိုရှိုတောင်းတတ်နေပြီ၊ ရှာတိတ်ရေး ရှိုရှိုက ညက်ဟာပါချိုမှ ဟွန့်"

မြဲကလဲ ခေါင်းလေး တဆတ်ဆတ် ညိတ်လျက် ထောက်ခံတယ်။

"တူညားသွေ ရောက်နေရို့ ရှိုရှို နောက်မှ ချို့တော့နော် ပေပေရီး၊ ရှာတိတ်ရေးက တိုက်မှာပါ ပေပေရီးရဲ့၊ ရှိတ်ရှိုးရပူးညော်"

ရယ်ရမလို ငိုရမလို မျက်နှာပေးနဲ့ အချိန်များ မှားနေသလား ဆိုပြီး နာရီလှမ်းကြည့်တော့ သုံးနာရီ ခွဲနေပြီမို့ ကျိန်းသေ မင်္ဂလာ အချိန်အခါပါပဲ။ ခါတိုင်း ဒီအချိန်ဆို ဝန်ထမ်းလေးတွေ မရှိကြတော့သလို ဝယ်သူတွေလဲ အလာကျဲပါပြီ။ ပန်းဆိုင်လေးက ညဦးပိုင်းထိ ဖွင့်တယ် ဆိုပေမဲ့ နောက်ပိုင်း အချိန်တွေကို မမြက တာဝန်ယူပေးပါတယ်။

နေ့စဉ် သုံးနာရီ ခွဲလို့ သူ ရုံးက ပြန်ရောက်ချိန်တိုင်း အချစ်ကလေး သုံးယောက်ကို ပန်းဆိုင်မှာ ဝင်ခေါ်ပြီး အိမ်ထဲ အတူဝင်ကြရင် မမြက ဆိုင် သွားစောင့်ပေးပါတယ်။ နိစ္စဓူဝ ဒီအချိန် ရောက်တိုင်း သားဖလေးယောက် စနောက်နေကြမို့ ရှေ့မကြည့် နောက်မကြည့် အော်ဟစ် ကျီစယ်လိုက်ခါမှ ဧည့်သည်လေးယောက်အပြင် ဝန်ထမ်းတွေပါ မပြန်ကြသေးဘူးတဲ့လား။

"တစ်ခါက မိုးဥတုလေးမှာ ပုန်းညက်ပန်းတွေ ဝေဝေဆာအောင် ပွင့်ခဲ့ပေါ့" (Completed)Where stories live. Discover now