အချပ်ပို ဇာတ်သိမ်းပိုင်း

62.9K 3.7K 998
                                    

UNICODE

ဘုရား ဝတ်ပြုနေချိန်မှာ ရနေကျ ကိုယ်သင်းရနံ့တစ်ခုက နှာဖျားဝမှာ သင်းခနဲ။ မျက်လုံး ဖွင့်လိုက်ချင်ပေမဲ့ အာရုံလွင့်မှာစိုးတာမို့ ဆွမ်းတော်ကပ်တာကို အာရုံပြန်စိုက်ပြီး မြတ်စွာဘုရားကို ထိခြင်းငါးဖျာနဲ့ ဝပ်တွား ဦးတိုက်လိုက်မိတယ်။

"အ... ကျွတ်... ကျွတ်... ကျွတ်"

လရင့်လာကတည်းက အထိုင်အထ မကောင်းတော့တာမို့ ညည်းညူသံလေး ထွက်မိတော့ သက်လျာ ပခုံးသားလေးနှစ်ဖက်က ရုတ်ချည်း နွေးထွေးသွားတယ်။ မော့ကြည့်လိုက်တော့ နီးနီးကပ်ကပ် ငုံ့မိုးကြည့်နေသူက ကိုဆောင်း။ သက်လျာနဲ့ အသွေးအမွေးကအစ ဘယ်နားလေးမှ မတူအောင် ကိုဆောင်းဟာ ချောမွေ့ ကြည်စင်လွန်းပါတယ်။

အသားအရေရဲ့ ကောင်းခြင်း၊ ခန္ဓာကိုယ် ဖွဲ့စည်းပုံရဲ့ ကြံ့ခိုင်မှုနဲ့ ခံ့ညားလွန်းတဲ့ ဒီယောက်ျားကို ပထမဆုံးအကြိမ် မြင်ဖူးကတည်းက သက်လျာ ချစ်ခဲ့မိခြင်းပါ။ လက်ထပ်ပြီးခါစက သက်လျာအပေါ် ခပ်ကင်းကင်း နေခဲ့တဲ့ ကိုဆောင်းကို လူငယ်ပီပီ ကလေးစိတ်ကလေးနဲ့ မုန်းပစ်ချင်ခဲ့ပေမဲ့ ဘယ်တုန်းကမှ မုန်းလို့မရခဲ့။

"ကူညီပေးရမလား"

"ဟိုလေ... ရ"

စကားမဆုံးခင် သက်လျာ ခန္ဓာကိုယ်လေးက ကိုဆောင်း လက်မောင်းတွေကြားမှာ ပေါ့ပေါ့ပါးပါး မြောက်တက်ပါသွားတယ်။ သဘောကျမိတဲ့ ကိုယ်သင်းရနံ့က သက်လျာ နှာဖျားကို ကျီစယ်လေတော့ ဆောင်းမနက်ခင်းလေးမှာ ချွေးပျံချင်လာတယ်။

"အခန်းထဲ လိုက်ပို့ရမလား"

"ရှင်"

"မဟုတ်ရင် ပန်းခြံထဲမှာ လမ်းသွားလျှောက်ချင်လား"

မရယ်မပြုံး ဆိုပေမဲ့ ကိုဆောင်း မျက်ဝန်းတွေက နွေးလွန်းတာမို့ သက်လျာရင်တွေ တဒိုင်းဒိုင်း ခုန်လှုပ်လာတယ်။ နှစ်ယောက်လုံးက Introvert တွေ ဆိုပေမဲ့ ဒီနောက်ပိုင်းမှာ ကိုဆောင်းက သူ့နည်းသူ့ဟန်လေးနဲ့ သက်လျာအပေါ် နွေးထွေးလာသလိုပါ။

"ဟုတ်"

လေသံတိုးလေးနဲ့ ဖြေလိုက်တော့ ကိုဆောင်းက လှစ်ခနဲ ပြုံးတယ်။ ပြီးနောက် ပေါ့ပါးလွန်းတဲ့ ခြေလှမ်းတွေနဲ့ သက်လျာကို ဆောင်ကျဉ်းပြီး ခြံထဲက ပန်းခြံလေးဆီ ဦးတည်ပါတယ်။ ပွေ့ထားလျက်ကနေ တစ်ချက်တစ်ချက် သက်လျာကို ငုံ့မိုးကြည့်တာမို့ မျက်နှာကို ဘယ်နား ထားရမယ် မသိ။

"တစ်ခါက မိုးဥတုလေးမှာ ပုန်းညက်ပန်းတွေ ဝေဝေဆာအောင် ပွင့်ခဲ့ပေါ့" (Completed)Tahanan ng mga kuwento. Tumuklas ngayon