အခန်း- ၈

73.4K 5.5K 921
                                    

UNICODE

"တောက်"

ဒတ်ရှ်ဘုတ်ကို ဘုန်းခနဲ ထုပစ်မိရင်း တောက်ခေါက်နေမိတာ ဘယ်နှကြိမ်မှန်း မသိ။ အလျင်စလို ဖြစ်နေမှ လမ်းပြင်တာနဲ့ ကြုံသတဲ့လား။ တမင် စောပြန်လာပေမဲ့ အရေးတကြီး ဖုန်းဝင်လာလို့ အဲ့ဘက်ခဏ လှည့်ဝင်လိုက်မိတာက မှားတာလား။

တကယ်ဆို အောင်မောင်း ဖုန်းဆက်ကတည်းက မကိုင်ဘဲ နေလိုက်ရမှာ။ သို့ပေမဲ့ မတွေ့တာ ကြာပြီ ဖြစ်တဲ့ သူငယ်ချင်းက ဆရာဝန် ဖြစ်နေတာမို့ ချာတိတ်အကြောင်း စဉ်းစားမိပြီး သူ လက်ခံလိုက်မိတာ။ တကယ်ဆို အောင်မောင်းဆီ မသွားဖြစ်ရင်တောင် မြို့ထဲက ဆေးဆိုင်တစ်ဆိုင် ဝင်ဖို့ သူ တွေးထားပြီးသား။

ရုံးက ထွက်လာတုန်းက သုံးနာရီခွဲသာ ရှိသေးတာမို့ ဆေးရုံ ခဏဝင်ပြီး ထွေရာလေးပါး ပြောလိုက်တာက မပြောပလောက်ဘူး ထင်ခဲ့မိတာ ငါးပါးမှောက်သလိုပင်။ အသည်းအသန် ဖုန်းဆက်ခေါ်တဲ့ ကောင်က တန်းစီစောင့်ဆိုင်းနေတဲ့ လူနာတွေနဲ့ သူ့ကို ဆီးကြိုတယ်။

"မင်း နာမည်ကြားတာနဲ့ လာဘ်ပွင့်တာ ထင်တယ်၊ ငါ့နာမည် ကိုင်ပြီး ဝင်လာတဲ့ လူနာတွေက တသဲသဲကွာ"

"ငါ အချိန်မရဘူး အောင်မောင်း၊ မင်း နောက်ကျမယ်ဆို ငါ ပြန်တော့မယ်"

အလိုက်မသိတဲ့ သူငယ်ချင်းက နာရီ တကြည့်ကြည့် ဖြစ်နေတဲ့ သူ့ကို အားမနာလျှာမကျိုး...

"ဟေ့ရောင် အာကြီး၊ ငါ မသိခင် ထပြေးဖို့ မစဉ်းစားနဲ့၊ သမ္မတထက်တောင် အလုပ်များတဲ့ မင်းကို တွေ့ရဖို့ ဘယ်လောက် ခက်လိုက်သလဲ၊ ခဏပဲစောင့်၊ ငါ ဂျူတီ ချိန်းတော့မှာ"

"ငါ အလုပ်များမှန်း သိလဲ မင်း နားတဲ့ရက်မှ အေးဆေး ချိန်းသင့်တာပေါ့"

ခပ်ဆတ်ဆတ် ပြောမိတော့ အလုပ်များနေတဲ့ ဆရာဝန်ကောင်က တဟားဟား ရယ်တယ်။

"ဘာလဲ မှောင်ရင် ကားမောင်းရမှာ ကြောက်လို့လား၊ ကျားကိုးစီး စားမကုန်တဲ့ မင့်ခန္ဓာကြီးက ဘာလုပ်ဖို့လဲ"

"ကျစ်... မင်း မသိပါဘူး၊ အိမ်မှာ မီးပျက်နေရင်..."

လူနာမှတ်တမ်း ရေးနေတဲ့ ကောင်က မျက်လုံးပြူးကြီးနဲ့ မော့ကြည့်လာပြီး...

"တစ်ခါက မိုးဥတုလေးမှာ ပုန်းညက်ပန်းတွေ ဝေဝေဆာအောင် ပွင့်ခဲ့ပေါ့" (Completed)Opowieści tętniące życiem. Odkryj je teraz