အခန်း - ၁၅

74.7K 5.4K 2.6K
                                    

UNICODE

ရောက်နေတဲ့ နေရာက ကမ်းနားလမ်းပေါ်မှာ ရှိတဲ့ ဆိတ်ငြိမ်လွန်းတဲ့ ကော်ဖီဆိုင်ကလေး။ ကျောင်းသားအရွယ် လူငယ်လေးတွေ အလာများကြပြီး ဓာတ်ဖမ်းလို့ ကောင်းတဲ့နေရာဆိုလဲ မမှား။ သို့ပေမဲ့ အားလုံးက အလိုက်တသိမို့ ဆူသံပူသံ တစ်စုံတစ်ရာတောင် မကြားရ။

ဒီနေရာမှာ ဆိတ်ငြိမ် မနေတာက မျက်စိရှေ့က အမျိုးသမီးပဲ ဖြစ်လိမ့်မယ် ထင်တယ်။ မျက်နှာလှလှနဲ့ မလိုက်ဖက်စွာ ဒေါသအရောင်တွေက မျက်ဝန်းထက်မှာ တလက်လက်။ အောင်မောင်းကို စိုက်ကြည့်နေပုံက မီးဝင်းဝင်းတောက်လျက်။

"နောက်ဆုံးအကြိမ် ထပ်မေးမယ်"

ထွက်လာသံက ခပ်ပြတ်ပြတ်။ ဆိုင်ကလေးရဲ့ Signature ကော်ဖီကို အရသာခံသောက်ရင်း သူ ပခုံးတွန့်လိုက်မိတယ်။ ဒီလို ချုပ်ကိုင်ခံရတိုင်းသာ လက်ထပ်ရမယ်ဆို အောင်စည်အောင်မောင်း ဆိုတဲ့ သူ့မှာ မိန်းမပေါင်း သောင်းခြောက်ထောင်မက ရှိနေပြီ။

"ဒါလီ ထပ်မေးလဲ ကိုယ့်အဖြေက မပြောင်းလဲဘူးနော် အဟွန်း"

"ဒါဆို ဒါလီ့မိဘတွေနဲ့ တွေ့တုန်းက မောင် ဘာလို့ ဒါလီ့ ချစ်သူပါလို့ စိတ်လိုလက်ရ ပြောခဲ့လဲ"

"ဒါလီ အလိုရှိခဲ့တာ မဟုတ်ဘူးလား"

"မောင် ငြင်းလို့ ရတယ်လေ"

"ဒါလီ သိလား၊ ကိုယ်က ငပွေးဆိုပေမဲ့ စည်းနဲ့ဘောင်နဲ့ ပွေးတဲ့ကောင်မျိုး"

"မောင် ဘာကို ဆိုလိုတာလဲ"

"အောင်စည်အောင်မောင်း ဆိုတဲ့ကောင်က ရည်းစားများပေမဲ့ ဘယ်တုန်းကမှ ရည်းစားပြိုင်ထားပြီး ကိုယ့်ကိုယ်ကိုယ် Role မချဖူးဘူး၊ တစ်ကြိမ်မှာ ရည်းစားတစ်ယောက်ပဲ ထားပြီး အဲ့ရည်းစားကို ကောင်းပေးတယ်၊ အတူ ပျော်ကြတယ်၊ အချိန်တန်ရင် အေးဆေး လမ်းခွဲတယ်၊ သူ မကြည်ဖြူတဲ့ ဘယ်အရာမျိုးကိုမှ သူ့အပေါ် အမြတ်ထုတ်ခဲ့တာ မရှိဘူး၊ ဒါကို ဒါလီ ငြင်းချင်လား"

"မောင် လိုရင်းကို ပြောပါ"

"မတွဲခင်ကတည်းက ကိုယ်က ချည်နှောင်ခံချင်တဲ့ကောင် မဟုတ်ဘူးလို့ ကြေညာခဲ့ပြီးသား"

"တစ်ခါက မိုးဥတုလေးမှာ ပုန်းညက်ပန်းတွေ ဝေဝေဆာအောင် ပွင့်ခဲ့ပေါ့" (Completed)حيث تعيش القصص. اكتشف الآن