အခန်း - ၄၅

49.9K 3.2K 450
                                    

UNICODE

အရင်ဆို တစ်ပတ်တစ်ရက် သို့မဟုတ် နှစ်ရက်လောက်နဲ့ ကျေနပ်နေတတ်တဲ့ ကိုကိုက ဧည့်သည်တွေဆီက အတတ်ကောင်းတွေ တတ်ပြီးကတည်းက ရရကို ငေးကြည့်တတ်တဲ့ မျက်ဝန်းတွေမှာ အရင်လို ရောင့်ရဲမှုတွေချည်း မမြင်ရတော့ဘဲ ငြိတွယ်လိုစိတ်ကြောင့် ရီဝေနေတတ်ပါတယ်။

ရရ ကိုယ်တိုင်ကလဲ အလိုလိုက်ချင်၊ ယုယချင်လွန်းတာမို့ နှစ်ယောက်သား ဧည့်သည်စုံတွဲလေးတွေ ပြန်သွားပြီးကတည်း အားရင်အားသလို၊ မအားရင်လဲ မအားသလို ခိုးကြင်နာ၊ ခိုးချစ်၊ ခိုးရယ်နဲ့ ပျော်ခဲ့ရတဲ့ နေ့ရက်တွေပါပဲ။

ဒီညလဲ အိပ်ရာဝင်ပြီ ဆိုကတည်းက မျက်ဝန်းတွေနဲ့ အချက်ပြနေတာမို့ ကြည်ဖြူစွာ ခေါင်းညိတ်ပြထားပေမဲ့ ရရကို အိပ်ပျော်သွားမှာ စိုးရိမ်နေတဲ့ ကိုကိုက မြဲဘေးကနေ လှုပ်လှုပ်ရွရွ လုပ်ပြနေပါတယ်။

ရရကို တစ်ဖက်တစ်ချက်က ဝန်းရံထားပြီး ဆော့နေကြတဲ့ သားနဲ့သမီးက ကိုးနာရီကျော်ကတည်းက ငြိမ်ကျသွားပြီမို့ ကိုကို့ လက်တံရှည်ကြီးက ရရခါးဆီ မကြာခဏ ရောက်လာတယ်။ ကလေးတွေ အိပ်ခါစမို့ ပြူးပြလဲမရ၊ ပြဲပြလဲမရ။ အလိုလိုက်ထားတော့ ကိုကို ဆိုးသွမ်းလာပါတယ်။

"ချာတိတ်"

ကိုကို့အသံက လေသံလေးပဲ ဖြစ်နေပြီး ရရအသံကလဲ လေသံလေးသာသာပါပဲ။

"ဗျာ"

"ကလေးတွေ အိပ်ပြီလေကွာ"

"အိပ်မောမကျသေးဘူးလေ ကိုကိုရယ်"

"ကိုကို ကြည့်တာတော့ အိပ်နေပါပြီကွ"

"ခဏစောင့်ပါအုံး ကိုကိုရယ်... နော်"

အချိန်ကိုက်မှာ တအင့်အင့် လှုပ်လာတဲ့ သမီးလေးကြောင့် ချာတိတ်က သမီးဘက် လှည့်သွားပြီး ပုတ်သိပ်နေတာမို့ သူ့မျက်နှာ လငပုတ်ဖမ်းသလို ဖြစ်လာတယ်။ သူကလဲ သူပါပဲ။ ဒီတစ်လောမှာ ချာတိတ်လေးက အလိုလိုက်ထားတော့ ဆိုးသွမ်းချင်လာတယ်။

ကလေးတွေ လစ်လစ် မလစ်လစ် ချာတိတ်အနား ပိုကပ်ချင်လာတယ်။ ရရင် ရသလောက် ကြင်နာချင်စိတ်က တားမရ။ အခုမှတော့မထူး နာရီဝက်လောက် စောင့်ပေးလိုက်ဖို့ တွေးရင်း စိတ်က သားနဲ့သမီး တစ်နှစ်သား အရွယ်လေးက အချိန်ကို ပြန်ရောက်သွားတယ်။

"တစ်ခါက မိုးဥတုလေးမှာ ပုန်းညက်ပန်းတွေ ဝေဝေဆာအောင် ပွင့်ခဲ့ပေါ့" (Completed)Where stories live. Discover now