အခန်း- ၁

156K 7.7K 1.8K
                                    

UNICODE

အတူရှိခဲ့တဲ့ မိုးဥတုလေးမှာ ပုန်းညက်ပန်းတွေ မွှေးထုံသင်းခဲ့ပေါ့။

"ကိုကိုရေ နိုးပြီလားနော်၊ ၇ နာရီ ထိုးတော့မယ်၊ ကိုကို ထတော့နော်"

နာရီလက်တံတွေကို တစ်ချက်ချင်း ရေတွက်နေဆဲမှာ ကြားလိုက်ရတဲ့ အသံလေး။ မှန်းထားတဲ့ အချိန်ကိုက်မို့ သူ့နှုတ်ခမ်းတွေ ပြုံးယောင်သန်းလာတယ်။

"ကိုကို မနိုးသေးဘူးပဲ"

"....."

တုံ့ပြန်သံ မပေးဘဲ ငြိမ်နေလိုက်တော့ သက်ပြင်းရှိုက်သံလေး ကြားရတယ်။ အခါများစွာလို သူ့အသံကို ခေတ္တ နားစွင့်မယ်။ ဘာသံမှ မကြားရရင် တံခါးကို သုံးချက် ထပ်ခေါက်မယ်။ ပြီးရင် မီးဖိုဆောင်ဘက် ပြန်ထွက်သွားမယ် ထင်ခဲ့ပေမဲ့...

"ရရ ဝင်ခဲ့ပြီနော်"

တံခါး တွန်းဖွင့်သံလေးနဲ့အတူ ပုန်းညက်ပန်း ရနံ့လေးက နှာဖျားဝကို ကျီစယ်လေတော့ ဆွဲပွေ့လိုက်ချင်စိတ်က အရင်ဖြစ်တည်တယ်။ သူ့မနက်ခင်းလေးဟာ တိမ်းညွတ်ချင်စရာအတိ။

အစောကြီး နိုးနေတဲ့ကောင်က ပက်လက်ကြီးအတိုင်း မျက်ဝန်းတွေ ဖိပိတ်လျက် ငြိမ်သက်နေမိတဲ့အခါ အခန်းထဲ ဝင်လာတဲ့ ခြေသံဖွဖွလေး ကြားလိုက်ရတယ်။

ပြီးတော့ ပြတင်းတွေ လိုက်ဖွင့်တယ်။ လိုက်ကာစတွေ ဆွဲတင်တယ်။ လုံးထွေးပြီး သူ ပစ်ထုတ်ထားတဲ့ စက္ကူစုတ်တွေကို တစ်စစီ လိုက်ကောက်နေရင်း အမှိုက်တောင်းထဲ ထည့်နေဟန်လေး မြင်တယ်။

အဲ့နောက် ကြားလိုက်ရတဲ့ လေသံတိုးလေးက...

"အိပ်မောကျနေတာ ထင်တယ်၊ လှုပ်နှိုးလိုက်ရင် ကိုကို စိတ်ဆိုးသွားမှာလား၊ ဒါမှမဟုတ် ပစ္စည်းတစ်ခုခု လွှတ်ချလိုက်ရင် ကောင်းမလား"

အနောက် လှည့်မကြည့်ဘဲ တစ်ကိုယ်ရေ တီးတိုး ပြောပုံလေးကြောင့် အသံတိတ် ရယ်ပစ်လိုက်မိတယ်။

မသပ်မရပ် ဖြစ်နေသမျှ သူ့အခန်းဟာ တစ်ခဏလေးမှာ လင်းထင်းသွားတာများ။ သူ့အခန်းထဲ ဝင်ပြီး ဒီလို ရှင်းလင်းပုံလေးကို မျက်ဝါးထင်ထင် အခုမှ မြင်တယ် ဆိုပေမဲ့ တစ်ညလုံး သူ ဖွထားသမျှတွေဟာ နောက်တစ်နေ့ အလုပ်က သူပြန်ရောက်ချိန်တိုင်း အမှိုက်တစ်စတောင် မြင်ရလေ့မှ မရှိတာ။

"တစ်ခါက မိုးဥတုလေးမှာ ပုန်းညက်ပန်းတွေ ဝေဝေဆာအောင် ပွင့်ခဲ့ပေါ့" (Completed)Wo Geschichten leben. Entdecke jetzt