အခန်း - ၄၄

51K 3.2K 519
                                    

UNICODE

ညစာကို ပုစွန်ထမင်းကြော်မှ မဟုတ်ရင် မစားချင်ပါဘူး ဆိုသူက မြတ်ပုစိလေး။ ချေးများလေး မြတ်က လွဲရင် ကိုကိုနဲ့ မြဲလေးက ဘာချက်ချက် ကောင်းကောင်း စားပေးတတ်ပေမဲ့ ဒီနေ့တော့ ထူးထူးဆန်းဆန်း မြဲကလဲ ပြောတယ်။

"ရှာတိတ်ရေး လုပ်ကျေးတဲ့ အုန်းတီး ပေါင်မုန့်ရေး ချားချင်ရိုက်တာတွာ" တဲ့။

သားနဲ့သမီး အုန်းသီးပေါင်မုန့် ကြိုက်တာက ရရဆီက အမွေရတာ ဖြစ်မှာ။ အပြင်စာတွေ မကျွေးချင်တဲ့ ရရက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မုန့်မျိုးစုံကို ကိုယ်တိုင် စမ်းလုပ်ကြည့်ရင်း တတ်ကျွမ်းလာတဲ့အခါ ရရ မီးဖိုခန်းလေးမှာ ကလေးတို့အတွက် Homemade Snacks တွေနဲ့ ပြည့်လာတယ်။

ဒီနေ့အတွက် သားအဖလေးယောက် ရုံးကိစ္စ၊ ဆိုင်ကိစ္စ၊ ကျောင်းကိစ္စတွေ ပြီးကတည်းက ကလေးတွေ တာဝန် ကိုကို့ကို လွှဲပေးထားပြီး ရရကတော့ မီးဖိုခန်း ဝင်နေရပေမဲ့ ကလေးတွေနဲ့ သူတို့အဖေကို ဒီအတိုင်း ကြာကြာ လွှတ်ထားပေးလို့ မရ။

သားဖသုံးယောက် ရေချိုးတော့ ဆိုပြီး ရေချိုးခန်းထဲ ထည့်ပေးလိုက်ရင် အလိုလိုက်တတ်တဲ့ ကိုကိုက ရေကြိုက်တဲ့ မောင်နှမကို အစွမ်းကုန် အလိုလိုက်ပြီး သုံးယောက်လုံး ပဲကြီးရေခွံတွန့်မှ ထွက်လာတတ်တာ အမြဲပါပဲ။ နွေရာသီဆို အကြောင်းမဟုတ်၊ အေးတဲ့ရာသီဆို သားနဲ့သမီးက နှာစေးချင်ပါတယ်။

"ကိုကိုရေ"

ရေချိုးခန်း တံခါးကို တဘုန်းဘုန်း ထုပြီး ခေါ်လိုက်တော့ ကိုကို့ ထူးသံ ကြားလိုက်ရတယ်။

"ဗျား"

"ဆယ်မိနစ်ကျော်နေပြီလေ၊ သားအဖတွေ ထွက်မလာကြသေးဘူးလား"

"ခင်ဗျား သားနဲ့သမီးက ခေါ်မရဘူးဗျာ"

"ခေါ်မရရင် ဖင်ကို ခပ်ဆတ်ဆတ်လေး ရိုက်လိုက်လေ"

"အသည်းတုန် အူတုန်လေးတွေကို ချစ်လို့တောင် မဝတာ မရိုက်ရက်ပါဘူးဗျာ၊ ဟားဟား"

"ကိုကိုနော်၊ အကောင်းပြောတာကို ရယ်နေပြန်ပြီ၊ ပြီးရင် ကိုကို့သားနဲ့သမီးက ဆေးသောက်ရမှာ ကြောက်ကကြောက်နဲ့ ပြောစကားလဲ နားမထောင်ကြဘူး"

"တစ်ခါက မိုးဥတုလေးမှာ ပုန်းညက်ပန်းတွေ ဝေဝေဆာအောင် ပွင့်ခဲ့ပေါ့" (Completed)Where stories live. Discover now