အခန်း - ၂၈

63.4K 4.7K 1.4K
                                    

UNICODE

"အဲ့တာကြောင့် နင်တို့ ထင်ထားသလို ကိုကိုနဲ့ ငါက ညီအစ်ကိုတွေ မဟုတ်ကြပါဘူး"

"ဪ"

တုံ့ပြန်သံက ပုံမှန်အတိုင်း မထူးဆန်းပေမဲ့ သူငယ်ချင်း နှစ်ယောက်ကို မော့မကြည့်ရဲ။ ကိုကိုကြီးနဲ့ မမသက်လျာက အစပြုလို့ ကိုကိုနဲ့ ရရ ပုံပြင်ကို အတိုချုံး ရှင်းပြလိုက်တော့ နှစ်ယောက်သား ငြိမ်သက်ပြီး နားထောင်ခဲ့ကြတယ်။

ပြောနေတဲ့ တစ်လျှောက် သူငယ်ချင်း သုံးယောက် တစ်ယောက်မျက်နှာ တစ်ယောက် မကြည့်ဖြစ်ကြပါဘူး။

ရရက ကြမ်းပြင်ကို အကြည့်ပို့ပြီး တွန့်ဆုတ်စွာ ပြောနေသလို သံသာက တစ်ခုခု စားချင်တဲ့ မျက်နှာပေးနဲ့ ရေခဲသေတ္တာကို ငေးကြည့် နားထောင်နေပြီး မြတ်မိုးကတော့ ဗိုက်နာနေတဲ့ ရုပ်နဲ့ အိမ်သာကို ငေးမောရင်း ငြိမ်သက်နေခဲ့ပါတယ်။

"ဒါကြောင့် ငါ့ဖြစ်တည်မှု အပေါ် ဘယ်လို သဘောထားကြလဲ သိချင်ပါတယ်၊ ဆက်ပြီး ဖုန်းကွယ်ထားလို့ ရပေမဲ့ နင်တို့ နှစ်ယောက်က ငါ့အတွက် အဖိုးတန်တဲ့ သူငယ်ချင်းတွေပါ၊ ဒီလို သူငယ်ချင်းတွေကို ညာမထားချင်လို့ ထုတ်ပြောရတာပါ"

ရောက်ကတည်းက ရရ ချကျွေးထားတဲ့ မုန့်မျိုးစုံကို ပလုတ်ပလောင်း စားလိုက်၊ ဆူလိုက်၊ ဆဲလိုက်၊ တစ်အိမ်လုံးကို ပတ်ပြေးလိုက်နဲ့ ပျော်မြူးနေကြတဲ့ နှစ်ယောက်သားက ရရ စကားအဆုံးမှာ ဆွံ့အသွားမယ် ထင်ခဲ့ပေမဲ့ မြတ်မိုးက နေရာက ထရပ်တယ်။

"အီးပါချင်တယ်"

"ဟမ်"

"မင်းတို့အိမ်မှာ ငါ့အီးတုံးလေးတွေ အမှတ်တရ ထားခဲ့အုံးမယ်"

"....."

"နောင်တစ်ချိန် မင်းတို့ အိမ်ရှေ့က ဖြတ်လျှောက်မိတဲ့အခါ ဪ ဒီအိမ်ထဲမှာ ငါ့အီးတုံးလေးတွေ ရှိနေပါလားလို့ ပီတိ ဖြစ်ချင်လို့"

မြတ်မိုး စကားကို အလွန်အမင်း ရွံဟန် တဝေါ့ဝေါ့ လုပ်ပြတဲ့ သံသာက မြတ်မိုး ကျောပြင်ကို လက်ပြတ်ကြီးနဲ့ ဖြန်းခနဲ လှမ်းရိုက်တယ်။ ဒါတင်မက...

"ဒီ မအော်လော် သတော်စော် ကတော်ကတော်ကတော့ ငါ လုပ်လိုက်ရ မကောင်းရှိတော့မယ်၊ အလကားနေ နင့်ခေါင်းထဲ ချီးပါဖို့ပဲ တွေးနေ သိလား"

"တစ်ခါက မိုးဥတုလေးမှာ ပုန်းညက်ပန်းတွေ ဝေဝေဆာအောင် ပွင့်ခဲ့ပေါ့" (Completed)Where stories live. Discover now