အခန်း - ၂၂

69.3K 4.9K 879
                                    

UNICODE

မင်္ဂလာပွဲ ကျင်းပရာ Veranda High Resort ကို ရောက်တော့ မနက် ၆ နာရီ။ ပွဲစဉ်က ဆက်တိုက် ဆိုသလို မနက်ခင်းမှာ လက်မှတ် ရေးထိုး ကတိသစ္စာ ပြုကြမှာ ဖြစ်ပြီး ညဦးပိုင်းမှာတော့ ဖိတ်ကြားထားသမျှ ဧည့်သည်တော်များနဲ့အတူ Resort ကြီးထဲမှာ မင်္ဂလာညစာ စားပွဲ ကျင်းပပြုလုပ်မှာပါ။

နှစ်ပွဲလုံးက မဖြစ်မနေ တက်ရမှာမို့ ချာတိတ် လက်ဆွဲ၊ အထုတ်တွေ သယ်ပြီး Veranda High Resort ကို တစ်ခါတည်း ပြောင်းလာခဲ့ရတယ်။ ပွဲစချိန်က မနက် ၉ နာရီမို့ ကြိုရောက်အောင် လာရပြီး ဒီရောက်မှ Check In ဝင်၊ ရေမိုးချိုးနဲ့ နှစ်ယောက်သား စကားတောင် မပြောနိုင်။

မနေ့တည်းက အောင်မောင်း ဖုန်းတဂွမ်ဂွမ် ဆက်နေခဲ့တာ။ ချာတိတ် ပါလာမှန်း မသိဘဲတောင် ယူပေးထားတဲ့ အခန်းမှာ မတည်းလို့ သူ့ကို ပြောဆိုနေသေးတာ။ အောင်မောင်း အစ်မ ချစ်တေးရတုနဲ့ သူက ဒိန်းမတ်မှာတည်းက ရင်းနှီးတာမို့ မင်္ဂလာပွဲကို သူ တက်မယ် ဆိုကတည်းက မောင်နှမနှစ်ယောက် ပြောပြော ရယ်နေတော့တာ။

မွေးနေ့ပွဲ၊ ညစာပွဲ၊ ဂုဏ်ပြုပွဲ၊ ဘာပွဲ ညာပွဲ စသဖြင့် အင်မတန် ပွဲတော်များတဲ့ အောင်မောင်းတို့ အိမ်ရဲ့ ဓလေ့ ထုံးထမ်းတွေနဲ့ ဘယ်တုန်းကမှ သူ ကျွမ်းဝင်ခဲ့တာ မဟုတ်။ ဒါကို သိပေမဲ့ ပွဲတစ်ခု ရှိတိုင်း မောင်နှမနှစ်ယောက်လုံး မပျက်မကွက် လှမ်းဖိတ်တတ်စမြဲ။

မလာနိုင်ဘူးလို့ ခပ်ပြတ်ပြတ် ငြင်းလိုက်ရင် တေးရတုက ရယ်နေတတ်ပေမဲ့ အောင်မောင်းဆီက ဆဲဆိုသံကို ဝေဝေဆာဆာ ကြားရတတ်စမြဲ။

"ရရ ပြီးပြီနော်၊ ကိုကို ချိုးလို့ ရပြီ"

ရေချိုးခန်းထဲက ထွက်လာတဲ့ ကောင်လေးက သွားတက်ကလေး ပေါ်အောင် ရယ်ပြနေပေမဲ့ ခေါင်းပေါ်က သုတ်လက်စ တဘက်ကို မြင်လိုက်တာမို့ မျက်မှောင်ကြုတ်လိုက်မိတယ်။

"ဘယ်နှနာရီ ထင်လို့ ခေါင်းလျှော်လိုက်တာလဲ"

"မဟုတ်ဘူး ကိုကိုရဲ့၊ ရရလေ Shower Cap မဆောင်းရသေးခင် ရေပန်းဖွင့်ချလိုက်မိလို့ မတော်တဆ ဆံပင် စိုသွားတာနဲ့ အဟီး"

"တစ်ခါက မိုးဥတုလေးမှာ ပုန်းညက်ပန်းတွေ ဝေဝေဆာအောင် ပွင့်ခဲ့ပေါ့" (Completed)Where stories live. Discover now