အခန်း - ၄၀

62.6K 4.1K 541
                                    

UNICODE

"ဪ... လူတွေ... လူတွေ၊ လူလူချင်း စားပြီးလို့ ကလေးနှစ်ယောက် ရပြီးတာတောင် ကံကောင်းမှုက မရပ်တန့်သေးဘူး၊ တစ်သက်လုံး မဲလာတဲ့ အသားအရေက ဒီတစ်လောကျမှ ဝင်းလက် စိုပြေလာတယ်ဆိုတော့ ကလေးတွေဟာကို ဘယ်လောက်တောင် လုသောက်ထားလဲ မသိဘူး"

ချာတိတ်ကိုယ်တိုင် သားနဲ့သမီးကို အာဟာရတိုက်ကျွေးလို့ ရပြီ ဆိုကတည်းက အောင်မောင်းဆီက မကြာခဏ ကြားနေရတဲ့ မထိတထိ စနောက်သံတွေ။ ဒါတင်မက လူလစ်တိုင်း မျက်ခွက်ပြောင်တတ်ပုံက...

"ဟေ့ရောင် အာကြီး၊ နေ့တိုင်းနေ့တိုင်း မင်းကအရင် ကွင်းဆင်းရတာ ဆိုတော့ ဂျုနီယာဇဋာ နှစ်ယောက်က ဝကောဝရဲ့လားကွာ၊ ငါ့နှယ် တွေးရုံနဲ့ စိတ်တောင်မကောင်းဘူး"

"ဒီနွားကတော့"

"မဟုတ်လို့လား၊ မိုးဦးရနံ့ခမျာ မရှိရှိတဲ့ကြားက မေတ္တာစိတ်ကြောင့် အားထုတ်နေရတာကို ကလေးနှစ်ယောက်တင်မက မင်းကိုပါ ခွဲဝေနေရတာ မဟုတ်သေးဘူးလေ"

"ဟေ့ရောင်"

အောင်မောင်း ရယ်သံကြီးကို တဟားဟား ကြားလိုက်ရပြီး သူ့ပခုံးကို လာသိုင်းဖက်တယ်။

"မင်း အကျင့်ပါသွားမှာစိုးလို့ ပြောတာ"

"ပါစရာလားကွ၊ နေ့တိုင်း ချူမပေးရင် အဆင်မှမပြေသေးတာ၊ လုသောက်နေတာလဲ မဟုတ်ဘူး၊ ငါ့ကလေးနှစ်ယောက် မလုံလောက်မှာ ငါက သာတောင် စိုးရိမ်သေး"

ဆရာဝန် ဖြစ်တဲ့ အောင်မောင်းက ဒီကိစ္စကို သူ့ထက် ပိုနားလည်ပေမဲ့ သူနဲ့ မျက်နှာချင်းဆိုင်တိုင်း မခံချိမခံသာ ဖြစ်အောင် စနောက်မြဲ။ စနေမှန်း သိသိရက်နဲ့ သူကလဲ သူပဲ အောင်မောင်းကိုဆို စကားနာ ပြန်ထိုးလိုက်ရမှ ကျေနပ်ပါတယ်။

"အောင်မယ်... ဘာကို ပါစရာလားကွနေတာလဲ၊ မညာစမ်းပါနဲ့၊ ကလေးတွေအတွက်... ကလေးတွေအတွက်နဲ့ အခုတော့ ကောင်းမှန်း သိနေပြီမို့လား၊ ကလေးအဖေလေးကို မြင်တာနဲ့ နှုတ်ခမ်းသပ်နေတဲ့ ကောင်ကများ... ဟားဟား"

"မင်း သေပြီသာမှတ်"

တင်ပါးကို ဖုန်းခနဲ မြည်အောင် လှမ်းကန်လိုက်တော့ အခန်းထဲက လူတွေ ရယ်ကုန်ကြတယ်။ သားနဲ့သမီးကို တစိမ့်စိမ့်ငေးနေတဲ့ သူ့ချာတိတ်လေးကတော့ ရန်ဖြစ်နေတဲ့ သူငယ်ချင်းနှစ်ယောက်ကို လှမ်းကြည့်ပြုံးမြနေလေရဲ့။

"တစ်ခါက မိုးဥတုလေးမှာ ပုန်းညက်ပန်းတွေ ဝေဝေဆာအောင် ပွင့်ခဲ့ပေါ့" (Completed)Where stories live. Discover now