အခန်း- ၉

81.9K 5.9K 1.3K
                                    

UNICODE

မိန်းလမ်းမကြီးကနေ ချိုးကွေ့ပြီး နေထိုင်ရာ လမ်းကလေးဆီ ဦးတည်လိုက်ကတည်းက သူ့ခေါင်းပေါ် မိုးကြိုးပစ်ချလိုက်သလို။ တချို့ကိစ္စတွေက ဖြစ်မှာကြောက်ရင် ပိုဖြစ်တတ်တဲ့ သဘောတရားကို လက်ခံလိုက်ရတာ မသက်သာ။

အသည်းအသန် ဖြတ်မောင်းလာတဲ့ လမ်းကြောတစ်လျှောက် မြင်နေရတဲ့ အိမ်ကလေးတွေဆီက မီးရောင်က လျှပ်စစ်မီး မဟုတ်မှန်း သိတော့ ကိုယ့်ခေါင်းကို လက်သီးဆုပ်နဲ့ ထုပစ်နေမိတယ်။

"မှားတယ် အဇဋာ၊ မင်း မှားတယ်၊ အင်ဗာတာ မဝယ်ပေးမိတာလဲ မှားတယ်၊ ကြောက်အောင် ခြောက်ခဲ့တာလဲ မှားတယ်၊ ချော်တော့ငေါ့ပြီး အိမ်ကို တန်းမပြန်တာလဲ မှားတယ်၊ အမှားဆုံးကတော့ စိတ်ပူပြီး အခုလို ဒေါသထွက်နေတာလဲ မှားတယ်၊ တောက်"

စတီယာတိုင်ကို နောက်ဆုံးအကြိမ် ထုပြီးတာနဲ့ အိမ်ရှေ့ ရောက်လာတာ ကွက်တိပါပဲ။

ခါတိုင်းလိုဆို ခြံရှေ့မှာ ကားရပ်မယ်။ ဟွန်းတီးလိုက်တာနဲ့ သူ့ကို စောင့်နေတဲ့ မိုးဦးရနံ့က အိမ်ထဲက ပြေးထွက်လာပြီး ခြံတံခါး ဖွင့်ပေးမယ်။ သူခြံထဲ ရောက်တာနဲ့ ကြောက်တတ်တဲ့ ကောင်လေးက ခြံတံခါးကို လျင်မြန်စွာ ပြန်ပိတ်ပြီး ရပ်စောင့်နေတဲ့ သူ့ကားပေါ် တက်ထိုင်မယ်။ ပြီးနောက် ကားကို ဂိုထောင်ထဲ ထည့်ပြီး နှစ်ယောက်အတူ အိမ်ပေါ် တက်ကြမယ်။

နေ့ရက်တိုင်းမှာ ဒီအတိုင်း အစဉ်လိုက် ဖြစ်ခဲ့ပေမဲ့ အခုတော့ ဟွန်းလဲမတီးနိုင်သလို ဘာဖိုင်တွဲမှတောင် မယူနိုင်ဘဲ ကားကို ခြံရှေ့မှာ ဖြစ်သလို ရပ်လျက် ခြံတံခါး ဆွဲဖွင့်ပြီး အိမ်ထဲ ရောက်ဖို့ သူ့ခြေတံရှည်တွေကို အသုံးချလာခဲ့ရတယ်။

လမ်းလျှောက်နေရင်း သူ့ဂျာကင်ထဲ စမ်းစစ်ကြည့်မိမှ သက်ပြင်းရှိုက်လိုက်မိတယ်။ တော်သေးတာပေါ့။ အောင်မောင်း ပေးလိုက်တဲ့ ဆေးထုတ်လေး ပါလာလို့။ ထို့နောက် ခပ်သွက်သွက် လှမ်းလာရင်း အိမ်တံခါးနဲ့ နီးလာလေ သူ့ရင်ထဲ တစ်မျိုးတစ်မည် ဖြစ်လာလေ။

အိမ်ကလေးရဲ့ တိတ်ဆိတ်ပုံက ပုံမှန်ဟုတ်ရဲ့လား သူ မသိ။ ဒီလောက် မှောင်နေဖို့ မသင့်ဘူးလေ။ ဘာလို့ ဖယောင်းတိုင်တောင် ထွန်းမထားတာလဲ။ ဒီကောင် မိုးဦးရနံ့ သူ့ကို စိတ်မကောင်း ဖြစ်စေချင်နေတာလား။

"တစ်ခါက မိုးဥတုလေးမှာ ပုန်းညက်ပန်းတွေ ဝေဝေဆာအောင် ပွင့်ခဲ့ပေါ့" (Completed)Donde viven las historias. Descúbrelo ahora