အခန်း- ၅

69.4K 5.6K 1K
                                    

UNICODE

"ဝုန်း... ဒုန်း..."

လှေကားထစ်တွေပေါ်က တစ်စုံတစ်ရာ ပြုတ်ကျလာတဲ့ အသံကျယ်ကြီးကြောင့် စာရင်းတွေ တိုက်စစ်နေရာက ခင်နှောင်း ပြေးထွက်လာခဲ့မိတယ်။ မြင်လိုက်ရတဲ့ မြင်ကွင်းဟာ ရင်ဆို့စရာ။

"အမယ်လေး သမီးလေးရေ..."

ခင်နှောင်းအသံကြောင့် သားငယ်လေးတင်မက သက်လျာရဲ့ အထိန်းတော် မြမြသင်းနဲ့ ကိုမျိုးပါ ပြေးထွက်လာကြပေမဲ့ သားကြီးတော့ မပါဝင်ပါ။ သားကြီး အခုထိ ပြန်မရောက်သေးတာလား။

"သားကြီးကော... သားကြီး ဘယ်မှာလဲ"

ခင်နှောင်း အော်သံကြောင့် ခြံစောင့်တွေ ပြေးဝင်လာကြတယ်။

"မမရေ... မမ၊ သွေးတွေ... သွေးတွေပါလား မမရယ်"

သားငယ်လေးရဲ့ အော်ငိုသံက ခင်နှောင်းတို့အိမ်မှာ ငရဲပွက်နေတဲ့အလား။ သွေးအိုင်ထဲမှာ လဲနေတဲ့ သမီးလေးကို ကိုမျိုးနဲ့ သားငယ်က ကားပေါ် ပွေ့တင်ဖို့ လုပ်နေကြပေမဲ့ သက်လျာက ခေါင်းခါရင်း လက်ထဲမှာ ကျစ်ကျစ်ပါအောင် ကိုင်ထားတဲ့ ဖုန်းလေးကို သားငယ်ဆီ ထိုးပေးတယ်။

"ကိုဆောင်း... ကိုဆောင်းဆီ လိုက်သွားပါ မောင်ငယ်လေးရယ်"

"ကိုကိုကြီးက ပြန်ရောက်ပြီ မဟုတ်လား မမ"

"အလုပ်ကိစ္စ အရေးကြီးလို့ မှော်ဘီဘက် ဆက်သွားရင်း အရိုက်ခံရတယ်တဲ့ မောင်ငယ်လေးရယ်၊ သေသလား ရှင်သလား... မ သိ ရ ဘူး တဲ့"

အားယူ ပြောနေပုံလေးက ရင်နင့်ဖွယ်ရာ။ သက်လျာ လက်ထဲက ဖုန်းကို ယူပြီး ကိုမျိုး အတည်ပြုတဲ့အခါ သားကြီး ဆေးရုံရောက်နေတာ တကယ်ပါတဲ့။ မိခင်တစ်ယောက် အနေနဲ့ ရူးသွပ်လုဆဲဆဲ ဆိုပေမဲ့...

"အန်တီတို့ သားကြီးဆီ လိုက်သွားကြမယ်နော် သမီးလေး၊ အခု ဆေးရုံသွားရအောင်ပါကွယ်"

ခင်နှောင်းတို့ လင်မယားကို ဘယ်တုန်းကမှ အပြုံးတွေ ဖောဖောသီသီ မပေးခဲ့ဖူးတဲ့ သက်လျာက အဲ့အချိန်လေးမှာ တောက်ပစွာ ပြုံးပြရင်း...

"အရာရာတိုင်းအတွက် ကျေးဇူးပါ မေမေ"

"အို... သမီးလေးရယ်"

"တစ်ခါက မိုးဥတုလေးမှာ ပုန်းညက်ပန်းတွေ ဝေဝေဆာအောင် ပွင့်ခဲ့ပေါ့" (Completed)Where stories live. Discover now