အခန်း - ၃၇

65.1K 4K 500
                                    

UNICODE

ဥရောပ အရှေ့မြောက်ပိုင်းမှာ ရှိတဲ့ ဒိန်းမတ်က သိပ်ကိုလှတဲ့ ကျွန်းနိုင်ငံလေးအဖြစ် နာမည်ကြီးတဲ့အပြင် နိုင်ငံရဲ့ အရှေ့ဘက်မှာဆို ဆွီဒင်၊ တောင်ဘက်မှာဆို ဂျာမနီ ရှိပြီး ကျန်အပိုင်းတွေကိုတော့ အတ္တလန္တိတ် သမုဒ္ဒရာက ဝန်းရံထားပါတယ်။

ရရတို့ နေထိုင်တာက ဒိန်းမတ်နိုင်ငံရဲ့ မြို့တော် ကိုပင်ဟေဂင်မှာ ဖြစ်ပြီး အဆောက်အဦ ဒီဇိုင်းတွေကို စကင်ဒီနေးဗီးယားဟန်နဲ့ တည်ဆောက်ထားတဲ့ ကိုပင်ဟေဂင်က ကဖေးယဉ်ကျေးမှု မြို့တော်လေးအဖြစ် နာမည်ကြီးသလို ဒဏ္ဍာရီပုံပြင်များရဲ့ မြို့တော်လို့လဲ တင်စား ခေါ်ဝေါ်ကြပါတယ်။

လမ်းမတန်းလေးကို မေးတင်ထားတဲ့ ရရတို့ အိမ်ကလေးက အဝါရောင် တစ်ထပ်တိုက်ပုလေး ဖြစ်ပြီး ခြံဝန်းလေးထဲမှာ ဒန်းကလေးတစ်ခုနဲ့ ရာသီပေါ် ပန်းပင်လေးတွေက လှပစွာ နေရာယူထားကြပါတယ်။ ပထမအကြိမ် ကိုကို့နောက် လိုက်ခဲ့တုန်းကနဲ့ မတူတာက ဒီဌာနေ ဒီအရပ်ကို ဒုတိယအကြိမ် ပြန်ရောက်လာခြင်းမှာ ကိုကို့ရဲ့ ကိုယ်စိတ်နှလုံး သုံးပါးစလုံးကို အပိုင်ရလိုက်ခြင်းပါပဲ။

နယ်သာလန်နိုင်ငံ အမ်စတာဒမ်လိုပဲ စက်ဘီး မြို့တော်လေး ဖြစ်တာမို့ ကိုပင်ဟေဂင်မှာဆို နိုင်ငံသားများတင်မက ခရီးသွားများလဲ စက်ဘီးလှိုင်လှိုင် စီးကြပါတယ်။ မျက်စိ အစာကျွေးရင်း အပန်းဖြေလိုတဲ့ ခရီးသွားတွေ အနေနဲ့ မြို့ကို ပတ်ခွေထားတဲ့ တူးမြောင်းတစ်လျှောက်မှာ စက်လှေတွေ ငှားစီးကြရင်း ကိုပင်ဟေဂင်ရဲ့ အလှကို တစိမ့်စိမ့် ငေးမောလို့ ရပါသေးတယ်။

ကျွန်းနိုင်ငံလေး ဖြစ်တဲ့အလျောက် နိုင်ငံပတ်ပတ်လည်ကို ပင်လယ်တွေက ဝန်းရံထားပြီး ရေမြောင်ကြားတွေက နိုင်ငံကုန်းတွင်းပိုင်းအထိ ဝင်ရောက်နေတာမို့ ဒိန်းမတ်နိုင်ငံသား အများစုက ငါးမွေးမြူရေး လုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြပါတယ်။

ဒါ့အပြင် မြို့နေလူဦးရေ အတော်များများက နို့နဲ့ နို့ထွက်ပစ္စည်း တင်ပို့ခြင်းကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်ကြတာမို့ ကမ္ဘာပေါ်မှာ နို့ထွက်ပစ္စည်း တင်ပို့နိုင်မှု အများဆုံး နိုင်ငံလဲ ဖြစ်ပါတယ်။ ကိုကို ဘာကြောင့် ဒီနိုင်ငံလေးကို ကြိုက်တာလဲလို့ မေးတုန်းက ကိုကိုက ဖြေတယ်။

"တစ်ခါက မိုးဥတုလေးမှာ ပုန်းညက်ပန်းတွေ ဝေဝေဆာအောင် ပွင့်ခဲ့ပေါ့" (Completed)Wo Geschichten leben. Entdecke jetzt