အခန်း - ၃၅

68.8K 4.8K 400
                                    

UNICODE

တုန်တုန်ခိုက်ခိုက်နဲ့ပဲ ဆေးရုံကို ဘယ်လို ရောက်လာမှန်း မသိ။ အောင်မောင်း ဦးဆောင်မှုအတိုင်း အထူးခန်းထဲကို ဝင်လိုက်တာနဲ့ မြင်လိုက်ရတာက မျက်ဝန်းတွေ မှေးမှိတ်ထားပြီး အိပ်ရာပေါ် လှဲနေတဲ့ ချာတိတ်ဘေးမှာ ချာတိတ် မိခင်နဲ့ ချာတိတ် အစ်မပါ ရှိနေပြီး အခန်းထောင့်မှာ ကုပ်ကုပ်လေး ထိုင်နေကြတာက ချာတိတ် သူငယ်ချင်းလေး နှစ်ယောက်။

"ချာတိတ်"

မျက်စိရှေ့မှာ မြင်နေရတာတောင် ပျောက်ကွယ်သွားမှာ ကြောက်တဲ့အလား သူ ပြေးသွားတော့ အနားမှာ ရှိသူတွေ အားလုံး နေရာ ဖယ်ပေးကြတယ်။ သူ့ကို မြင်တာနဲ့ ဝင်ဖန့်ဖန့် မျက်နှာလေးပေါ်မှာ မျက်ရည်လုံးကြီးတွေ တလိမ့်လိမ့် ကျဆင်းလာတယ်။

"ကိုကို"

"ကလေးရယ်"

အနား ရောက်တာနဲ့ လက်ကလေး နှစ်ဖက်ကို အုပ်မိုး ကိုင်တွယ်လျက် နှာဖျားမှာ ဖိနှစ်လျက် အကြိမ်ကြိမ် နမ်းရှိုက်နေမိတယ်။ ဘေးမှာ လူတွေ အများကြီး ရှိနေတာလဲ ဂရုမစိုက်မိ။ ငိုထားတဲ့ အရှိန်နဲ့ နီစွေးနေတဲ့ မျက်နှာနုနုလေးကိုပဲ ပျောက်ကွယ်သွားမှာ စိုးတဲ့အလား သူ ငေးကြည့်နေမိတယ်။

"ငိုထားတာလားဟင်၊ ဘယ်နား နေမကောင်းလို့လဲ ကိုကို့ကို ပြောပါအုံးကွာ"

"ရရ ဘာမှ မဖြစ်ဘူးနော်"

နှစ်သိမ့်နေရင်း သူ့မျက်နှာကို စာဖတ်သလို ဖတ်နေတဲ့ ကလေးလေးက ငိုမဲ့မဲ့လေး ဖြစ်လာတယ်။

"ကိုကို ငိုထားတာလား၊ ဖေဖေနဲ့ အဆင်မပြေခဲ့ဘူးလားဟင်"

ခေါင်းကို နာနာခါယမ်းပြလိုက်ပေမဲ့ ချာတိတ်လေးက မယုံဟန်။

"ကိုကို ငိုထားပါတယ်၊ ဖေဖေ ဆူလို့လားဟင်"

သူ့ကို ပြောနေလျက် ဦးမျိုးမြတ်ရှိန်ဝါဘက် လှမ်းပြောလိုက်ပုံလေးက ချစ်စရာ။

"ဖေဖေ ပြောတော့ ကိုကို့ကို မဆူဘူးဆို၊ အားလုံးကို ဖေဖေ ခွင့်လွှတ်တယ်လို့ ရရကို ပြောခဲ့တယ် မဟုတ်လားဟင်"

နှစ်ခြိုက်စွာ သူ ပြုံးလိုက်စဉ်မှာ ဦးမျိုးမြတ်ရှိန်ဝါ အသံ ထွက်လာတယ်။

"တစ်ခါက မိုးဥတုလေးမှာ ပုန်းညက်ပန်းတွေ ဝေဝေဆာအောင် ပွင့်ခဲ့ပေါ့" (Completed)Where stories live. Discover now