614 89 4
                                    

(Warning!! The following contact contain RUDE WORDS. Read your own risk)

'ဒိုင်း ဒိုင်း...

ကျည်နှစ်တောင့်သည် တောတွင်းသို့ပြေးဝင်ထွက်ပြေးရန် ကြိုးစားနေသော မိန်းကလေးငယ်လေး၏ရင်အစုံကို ရှေ့ဆင့်နောက်ဆင့်ဖောက်ဝင်သွား၏။ ထိုမိန်းကလေးသည် အော်သံပင်မထွက်နိုင်ရှာပဲ နေရာတွင်ပင် သွေးချင်းချင်းနီကာ သေဆုံးသွားခဲ့လေသည်။ ထို့နောက် လက်ထဲတွင်ပြောင်းတိုသေနတ်ကိုကိုင်ထားဆဲဖြစ်သည့် ဆိတ်ကြီးကပြောလိုက်၏။

"ကြည့်ထား...အဲ့ဒါ ထွက်ပြေးချင်တဲ့ကောင်မ,တွေသွားရမဲ့လမ်းပဲ ။ နင်တို့အလုပ်က သွားဆိုသွားလာဆိုလာပဲလုပ်စရာလိုတယ်...ကျန်တာတွေအရစ်ရှည်ရင် အသက်နဲ့လောင်းကြေးထပ်သွားရလိမ့်မယ် ကြားလား"

ဆိတ်ကြီး၏လုပ်ရပ်ကြောင့် ကြောက်လန့်တကြားအော်ဟစ်ငိုယိုနေကြသောမိန်းကလေးများသည် တုန်ယင်လျက် ခေါင်းများကိုတဆတ်ဆတ်ညိတ်လိုက်ကြ၏။

"စောက်သံမထွက်ကြနဲ့ အကုန်မျိုးကန်းသွားအောင်လုပ်လိုက်လို့ ။ သြား ဆက္သြား"

တစ္ညလုံး ဘီလူးသရဲစီးသည့်ပမာ ယောက်ျားပေါင်းများစွာတို့၏ စော်ကားခြင်းကိုခံထားရသောမိန်းကလေးများသည် ပင်ပန်းနှုံးချိနေကြလျက် တောလမ်းခရီးကိုဖြတ်ကျော်ရာတွင် ခရီးမတွင်ကြပေ ။ ထို့အပြင် အစာရေစာဝဝလင်လင်မစားရသောကြောင့်လည်း လမ်းပင်ကောင်းကောင်းမ​ေလျှာက်နိုင်ကြ ။ သွားရမည့်ခရီးက အဝေးကြီးကျန်သေးသည်။ အခုထိ တောစပ်ကျော်ရုံပဲရှိသေး၏။

ဆိတ်ကြီးစိတ်ပေါက်ပေါက်နဲ့ အနားမှာရှိတဲ့မိန်းကလေးတစ်ယောက်၏ဆံပင်ကိုဆွဲကာ ပါးကိုနှစ်ချက်ဆင့်ရိုက်ပေးလိုက်၏။

'ဖြောင်း ဖြောင်း

"အားးး"

"လမ်းကို - ီးလိုလျှာက်နေကြတာလား ။ အေး ရောက်ရမဲ့နေရာကို အချိန်မှီမရောက်ရင် နင်တို့အကုန်လုံးကို ဖာတန်းပို့ပစ်မယ်မှတ် ။ ​ေလျှာက်ကြ မြန်မြန် "

ယောက်ျားအားနှင့် အရိုက်ခံလိုက်ရသောကြောင့် မြေပြင်ပေါ်မူးဝေကာလဲကျသွားသော မိန်းကလေးအား နှစ်ချက်မျှပိတ်ကန်လိုက်ပြီး မြန်မြန်သွားကြရန်လောဆော်တော့သည်။ ထိုအချိန် ဆိတ်ကြီး၏အဖွဲ့ထဲမှ ကင်းထောက်ရန်ရှေ့ရောက်နေနှင့်သော အဖွဲ့သားတစ်ယောက်က အလျှင်အမြန်ပြေးချလာသည် ။

နိယာမ(Desire)    [ခေတ္တရပ်နား]Waar verhalen tot leven komen. Ontdek het nu