၁၃

578 85 8
                                    

မဟူရာဦး​ေသျှာင်သည် မေ့မျောပြီးသုံးပတ်အကြာ၌ ဆေးရုံတွင်သတိရလာခဲ့သည် ။ သူသတိရလာလာချင်း ပထမဆုံးလုပ်သည့်အရာမှာကား ခီရာကိုမေးခြင်းပင် ။ မျုိးကိုသည် လူမမာစိတ်ထိခိုက်မှာစိုး၍ အဖြစ်မှန်ကိုမပြောဘဲ နိုင်ငံခြားသို့ထွက်သွားခဲ့ပြီဟုသာ လိမ်ပြောထားသည် ။

မဟူသည်ကား မီးလောင်ဒဏ်ရာတို့ဖြင့် တစ်ကိုယ်လုံးပတ်တီးအဖွေးသားဖြင့်ရှိကာ မျက်နှာတစ်ခြမ်းလည်းပျက်ဆီးသွားလေသည် ။ ဆေးရုံမှာကြာကြာမနေလိုသဖြင့် သူ့ဒဏ်ရာများစိတ်ချရသည့်အချိန် ဆရာဝန်ကိုခွင့်တောင်းကာ B မြို့၌ ယာယီတည်းခိုရန်ဝယ်ထားသည့် ဘန်ဂလိုလေးဆီသို့ပြန်လာခဲ့သည် ။

ထိုကြားထဲမှာ မဟူသည် နည်းနည်းမှအနားမယူပေ ။ ခီရာ နိုင်ငံခြားကိုကောင်းမွန်စွာရောက်ရှိသွားသည်ဟု မျုိးကိုတို့ကပြောသော်လည်း သူ့စိတ်ထဲလေးနေ၏။ ထို့အပြင် ခီရာ့ဖုန်းကား ဘယ်လောက်ခေါ်ခေါ် ပြန်လည်ဖြေဆိုသူမရှိ'နှင့်သာတိုးနေသည်။ လေဆိပ်ကိုစုံစမ်းကြည့်တော့လည်း သူစုံစမ်းသည့်လူမှာ လေယာဥ်ပေါ်ပါလာခြင်းမရှိဟု အကြောင်းပြန်သည် ။

ဒီဘက်ကလည်းမသွား ၊ ဟိုဘက်ကိုလည်းမရောက်ဘဲ ကြားထဲမှာ ခီရာဘယ်ပျောက်နေတာလဲ ။ ဖြစ်ချင်တော့ မျုိးကိုက သူစိတ်ချရတာနဲ့ နယ်စပ်မှာပစ်ထားလို့မဖြစ်သည့်အလုပ်တွေဦးစီးဖို့ရာအတွက် ချက်ချင်းပြန်သွားရသည် ။ မျုိးကို,ကိုမေးလည်း ဘာမှရေရေရာရာသိရမှာမဟုတ် ။ ထို့ကြောင့် သတင်းပိုရနိုင်သည့် ရှားယုကိုဖုန်းခေါ်လိုက်သည် ။

တစ်ဖက်မှရှားယုသည် မျက်စိရှေ့၌ မထုံတတ်သေးမျက်နှာပေးနှင့် သူ့ကိုပြန်စိုက်ကြည့်နေသောကောင်လေးနှင့် စစ်အေးတိုက်ပွဲဆင်နွှဲပြီးကာစဖြစ်၏။ လူအများကို အတွင်းရေးမှူးဟုအသိပေးထားသည့် ရှားယု၏အမြှီးလေး ခမ်းမိုပင် ။ ကောင်လေးက လူကောင်လေးသေးသေးညှပ်နေကာ အသားလေးဖွေးပြီး ဘိုကေဆံပင်နဲ့ဂျစ်ကန်ကန်ပုံလေးဖြစ်၏။

ခပ်ထွားထွားခန္ဓာကိုယ်နှင့် လူကောင်ကြီးလှသောရှားယုနဲ့ယှဥ်ရင် ခမ်းမိုက ဆင်နှင့်ပုရွက်ဆိတ်ပမာ ။ ကောင်လေးပေါင်လုံးနှစ်လုံးက ရှားယုလက်မောင်းကြွက်သားတစ်ဖက်စာပဲရှိ၏။ အသက်က ၂၀ ကျော်ပြီပေမဲ့ လူကောင်သေးသောကြောင့် မသိရင်အထက်တန်းကျောင်းသားလေးပမာ။

နိယာမ(Desire)    [ခေတ္တရပ်နား]Hikayelerin yaşadığı yer. Şimdi keşfedin