၂၉(part-part2)

1.1K 61 18
                                    

ဝင်ဒါမီယာရပ်ကွက်၏ ကျယ်ဝန်းသောခြံကြီးထဲမှာဖြစ်၏။ ဝပ်အားအပြည့်သုံးထားသော လျှပ်စစ်မီးရောင်များထိန်ထိန်ညီးလျက် ခေတ်သစ်၏အငွေ့အသက်တွေအလျံအပယ်ဖြာကျနေသော တိုက်အိမ်ကြီးထဲတွင် ကမ္ဘာပျက်မတတ်ညီးတွားသံများနှင့်အတူ သွေးအလိမ်းလိမ်း ၊ ရုပ်ပျက်ဆင်းပျက်မြင်ကွင်းများဖြင့် ပြည့်နှက်လျက် လူတစ်ယောက်ကတော့ အကောင်းပကတိအတိုင်း ဧည့်ခန်းအလယ်က ကနုတ်လက်ရာအပြည့်ဖြင့်ငွားငွားစွင့် နီစွေးသောကတ္တီပါထိုင်ခုံကြီးပေါ်တွင် ခြေချိတ်လျက် အေးအေးလူလူထိုင်နေသည်။

လက်တစ်ဖက်က ဆေးပြင်းလိပ်ကိုကိုင်ထားပြီး ကျန်တစ်ဖက်မှာတော့ ခပ်သေးသေးဓားချွန်လေးကိုကိုင်လျက် လေထဲတွင်လှည့်ကစားနေသည် ။ သူ့ရှေ့တွင်တော့ သက်လတ်ပိုင်းအရွယ်ယောက်ျားတစ်ယောက်နဲ့ အမျိုးသမီးတစ်ဦးတို့က အသီးသီးဒဏ်ရာဒဏ်ချက်များဖြင့်ရှိနေပြီး သွေးများပေကျံနေသောကြမ်းပြင်ပေါ်တွင် ဝပ်တွားတုန်ယင်လျက် အသံပင်မထွက်ဝံ့ကြ။

သူတို့အိမ်ကြီးထဲက အစောင့်များမှာလည်း ထိုလူနှင့်အတူပါလာသောနောက်လိုက်များ၏လက်ချက်ကြောင့် အလောင်းကောင်အဖြစ်သို့ဘဝကူးသွားကြပြီဖြစ်၏။ ကြမ်းပြင်ပေါ်ရှိသောသွေးများမှာ လူသေတို့ဆီမှထွက်ကျလာသောသွေးများပင် ။ အိမ်တစ်အိမ်လုံးအပြည့် သွေးညှီနံ့များလှိုင်လျက် အေးစိမ့်၍ ကြက်သီးထဖွယ်လေထုက လွှမ်းခြုံရစ်ပတ်ထား၏။

ထိုစဥ် မာန်ပါပြီးခပ်ဩဩအသံတစ်သံထွက်ပေါ်လာသည် ။

"ကျုပ်စကားကိုနှစ်ခါထပ်မပြောချင်ဘူး ။ ခင်ဗျားတို့မိသားစု အသက်ဆက်ရှင်ချင်ပြီး ခင်ဗျားရ​ဲ ့တစ်ဦးတည်းကျန်ခဲ့တဲ့ သမီးကိုလည်းအေးအေးလူလူရှိနေစေချင်သေးရင် အမှုကိုပိတ်လိုက်ပြီး တစ်သက်လုံးဇာတ်မြှုပ်နေထိုင်သွားဖို့ နိုင်ငံတစ်နိုင်ငံရှာထား ။ ဒီကိစ်စအကြောင်းကို ခင်ဗျားတို့သေလို့ အခေါင်းထဲရောက်တဲ့အထိသယ်သွား ။ မတော်လို့များတစ်ယောက်ယောက်ဆီကနေ ဒီဖြစ်ရပ်နဲ့ပက်သက်ပြီး အသံတစ်ခုခုထွက်လာလို့ကတော့ ခင်ဗျားတို့မိသားစုကျုပ်လက်ကလွတ်မယ်မထင်နဲ့...ကြားလား ကျုပ်ပြောတာ"

You've reached the end of published parts.

⏰ Last updated: Mar 26, 2023 ⏰

Add this story to your Library to get notified about new parts!

နိယာမ(Desire)    [ခေတ္တရပ်နား]Where stories live. Discover now