၂၄

600 68 7
                                    

"မင်းက ငါနဲ့ပဲအတူရှိနေတာ... အဲ့လိုပဲ တစ်သက်လုံးအမြဲအတူရှိသွားရမယ်ဆိုတဲ့ ချုပ်ချယ်ခြင်းတွေနဲ့ လူတစ်ယောက်ကိုဆုပ်ကိုင်မထားချင်ဘူး"

"ဘာကိုပဲရွေးချယ်ရွေးချယ် မင်းရွေးချယ်မှုရဲ့ထိပ်ဆုံးမှာ မဟူရာဦး​ေသျှာင်ဆိုတဲ့ကောင်ပဲဖြစ်ချင်လို့ နှစ်ပေါင်းများစွာတန်ဖိုးထားခြင်းဆိုတဲ့ပန်းတစ်ပွင့်လို ဂရုတစိုက်ပျိုးလာတာ"

"လေဒဏ်၊ရေဒဏ်မခံရအောင် တယုတယပျိုးတာမျိုးမဟုတ်ဘဲ ပေါင်းပင်ရိုင်းတွေကြားမှာ ၊ မြေဆီမြေနှစ်ကို လုယူကြမဲ့တစ်ခြားအပင်ကြီးတွေကြားမှာ တမင်ကိုကြံ့ကြံ့ခံနိုင်အောင် ၊ ခိုင်ခိုင်မာမာရပ်တည်နိုင်အောင်ဆိုတဲ့ပျိုးပုံမျိုးနဲ့ပျိုးခဲ့တာ"

"အခုအချိန်အထိ ရပ်တည်နေတာ တစ်နေ့နေ့တစ်ချိန်ချိန်မှာ မင်းစိတ်ရင်းနဲ့လက်ခံပြီး ၊ မင်းအနားကလူက ငါဖြစ်လာမလားဆိုတဲ့​ေမျှာ်လင့်ချက်နဲ့ ။ ရယူလိုတယ်ဆိုတဲ့စိတ်လေးစွန်းထင်းသွားမှာစိုးလို့ ဘာကိုမှမတောင်းဆိုခဲ့ဖူးဘူး"

"ငါ့အတွက်နေရာ အစကတည်းကမရှိဘူး...နေရာမပေးနိုင်ဘူးဆိုရင် ယောက်ျားချင်းပဲ ။ ပွင့်ပွင့်လင်းလင်းပြော ။ ငါတွယ်ကပ်နေလို့ အနှောက်အယှက်ဖြစ်တယ်ဆိုတာမျိုးတောင် မင်းစိတ်ထဲမှာမရှိစေရဘူး"

"အမှန်တော့ တွယ်ကပ်နေတာမဟုတ်ဘူး ။ စိတ်မချလို့ ။ ငါသာမခေါ်သွားရင် သူ့ဘဝနဲ့သူဖြစ်နေမဲ့ကလေးတစ်ယောက်ကို နှစ်တွေအကြာကြီး ငါ့သဘောနဲ့ငါနေချင်သလိုနေ ၊ လုပ်ချင်သလိုလုပ်ခွင့်ပြုထားပြီး ရုတ်တရက်ကြီး စိမ်းသက်လွန်းနေတဲ့လူ့ပတ်ဝန်းကျင်တစ်ခုမှာ တစ်ယောက်ထဲဖြတ်သန်းနေရတာ အဆင်မပြေမှာစိုးလို့"

"အခုမင်းမျက်လုံးတွေထဲမှာ ငါန​ဲ့ပက်သက်ပြီး မပြတ်မသားဖြစ်နေတဲ့အရိပ်အရောင်တွေကိုတွေ့တယ် ။ ခီရာ...မင်းကိုငါ အဲ့လိုပျိုးထောင်ခဲ့တာမဟုတ်ဘူး တွေဝေနေတာတွေ ၊ ဝေခွဲမရတာတွေ ၊ မရေရာတာတွေ အဲ့လိုအသုံးမဝင်တဲ့စိတ်တွေ ဘယ်အချိန်တုန်းကမွေးမြူလိုက်တာလဲ ။ ငါမင်းထက်အသက်အများကြီး,ကြီးတယ် ။ လူတွေအကြောင်းကို ငါသိသလို...မင်းရဲ့အကြောကို အကြည့်တစ်ချက်နဲ့လည်း ငါသဘောပေါက်တယ်"

နိယာမ(Desire)    [ခေတ္တရပ်နား]Nơi câu chuyện tồn tại. Hãy khám phá bây giờ