၁၁

584 81 6
                                    

နိုင်ငံတကာလေဆိပ်တစ်ခု၏အတွင်းသို့
မဟူရာဦး​ေသျှာင်သည် လက်ဆွဲအိတ်အား လက်တစ်ဖက်ကဆွဲလျက် ကျန်လက်တစ်ဖက်ဖြင့် ခီရာ၏လက်ကောက်ဝတ်ကိုကိုင်ဆွဲလျက် ဝင်ရောက်လာ၏။ စောင့်ကြည့်နေသူများရှိမရှိကို မျက်လုံးဖြင့်တစ်ချက်ဝေ့ကြည့်ရင်း တစ်ဖက်ကလည်း အနည်းငယ်အလိုမကျဖြစ်နေသေးသည့် ခီရာ၏ ဆံပင်ပွပွလေးများကိုဖွကာ A နိုင်ငံရောက်ရင် အအေးဒဏ်မခံဘဲ ကိုယ့်ကိုယ်ကိုဂရုစိုက်ဖို့ အထပ်ထပ်မှာကြားနေ၏။

A နိုင်ငံက ဒီမှာလိုနွေနွေ၊မိုးမိုး၊ဆောင်းဆောင်း သင့်တင့်​ေလျှာက်ပတ်ပတ်သည့်သဘာဝပတ်ဝန်းကျင်ရှိတာမဟုတ်ဘဲ အေးသည့်ရာသီကပဲများသဖြင့် အအေးမကြိုက်သောခီရာ့ကိုစိတ်ပူမိသည် ။ သို့ပေမဲ့ အရွယ်ရောက်ပြီးသားယောက်ျားတစ်ယောက်မို့ ခီရာက သူ့ကိုယ်သူဂရုစိုက်နိုင်ပါလိမ့်မည် ။

[A/N - A နိုင်ငံ = America ။ နိုင်ငံတွေ၊မြို့တွေရဲ့နာမည်ကို အစစာလုံးနာမည်တွေနဲ့ အတိုကောက်ပဲသုံးသွားပါမယ်။]

ဒီမှာ အခြေအနေတွေဆိုးလာတော့မည်ကိုသိသိရက်နဲ့ မဟူ့ကိုတစ်ယောက်ထဲထားကာ ထွက်သွားရသဖြင့် ခီရာက A နိုင်ငံကို မသွားချင်ခဲ့ပေ ။ စာမေးပွဲအတွက်ရော ၊ ဒီမှာပါ ခီရာရှိနေလို့မဖြစ်သည်မို့ မဟူက အတန်တန်နားချပြီး အလုပ်တွေပြီးတာနဲ့လာတွေ့ပါ့မယ်ဟု ကတိတွေအထပ်ထပ်ပေးသဖြင့် နောက်ဆုံးမှာ ခီရာကသွားဖို့လက်ခံလိုက်တာဖြစ်၏။

နှစ်ယောက်သားက လေယာဥ်ချိန်ကနီးမှ ကပ်လာကြတာဖြစ်သောကြောင့် မကြာမှီမှာပင် ခရီးသည်များ လေယာဥ်ပေါ်တက်ဖို့အကြောင်းကြားလာလေတော့၏။ မဟူက သူဆုပ်ကိုင်ထားသော လက်ကောက်ဝတ်ကလေးကို ခပ်တင်းတင်းဖျစ်ညစ်လိုက်ရင်း...

"သွားတော့ ။ ဖုန်းဆက်လိုက်မယ်"

"အင်း"

နှုတ်ဆက်စကားက ထိုမျှသာ ။ တဖြေးဖြေးနှင့်ဝေးကွာသွားသော နောက်ကျောလေးကိုကြည့်နေရင်း ပျောက်ကွယ်သွားကာမှ သူလေဆိပ်ကနေထွက်လာလိုက်သည် ။ ကားပါကင်အဝင်မှာ ရှေ့ဖက်ကနေခပ်မြန်မြန်​ေလျှာက်လာသည့်လူနဲ့ တိုက်မိမလိုဖြစ်သွားသောကြောင့် မဟူခပ်မြန်မြန်ရှောင်လိုက်သည် ။ ဒုစရိုက်သမားတွေအဖို့က မတော်တဆဟူသည် အသက်တစ်ချောင်းပေမို့ ဝင်တိုက်မလိုဖြစ်သွားသည့်လူအား အလျှင်အမြန်အကဲခတ်လိုက်၏။

နိယာမ(Desire)    [ခေတ္တရပ်နား]Donde viven las historias. Descúbrelo ahora