၁၇

551 84 8
                                    

မဟူ ဆိုင်ဝိုင်းသိမ်းပြီး အိမ်ကိုပြန်တော့ မိုးချုပ်ခါနီးနေပေပြီ ။ ငှားထားသည့်အိမ်လေးက အနည်းငယ်ချောင်ကျပြီး ပျံကျရပ်ကွက်မှာမို့ လမ်းမီးရယ်လို့မရှိဘဲ မိုးချုပ်လျှင်သွားရလာရ အဆင်မပြေချေ ။ မိုးကုန်ခါနီး ဆောင်းဝင်ကာစပြုနေပြီဖြစ်၍ တစ်ချက်တစ်ချက် လူကိုဝေ့တိုက်ခတ်သွားသည့် တောင်ပေါ်မြို့၏အေးစိမ့်စိမ့်လေတွေက ကိုက်ခဲနေသောအရိုးတွေကို ဆစ်ခနဲ လေးလံ ထုံထိုင်းသွားစေသည်။

ခပ်ထူထူဂျာကင်ကို လည်ပင်းအထိဇစ်ဆွဲချပြီး ခေါင်းကိုငုံ့ကာ အိမ်မြန်မြန်ရောက်ဖို့ခြေလှမ်းတွေကို ခပ်သွက်သွက်လှမ်းလိုက်သည်။ တောင်ပေါ်မြို့ပေမို့ ရေမြေဒေသသည် မြေပြန့်နဲ့မတူပေ ။ မဟူ ဒီမြို့လေးက ရှုခင်းတွေကိုအလွန်နှစ်ခြိုက်လှ၏။ အအေးပိုသည့်ဒေသမို့ပေလား သစ်ပင်ပန်းမာန်တို့က အစိမ်းရင့်ရောင်တောက်ပြီး ပို၍မျက်စိပသာဒဖြစ်၏။

လမ်းထိပ်မှထွက်လျှင် လျှပ်စစ်မီးကိုဖောဖောသီသီသုံးစွဲနေကြသည့် ​အိမ်ကြီးအိမ်ကောင်းပေါများသော စျေးလမ်းနှင့် တစ်သီးတစ်ခြားစီဖြစ်နေသည့် မီးရောင်မှိန်ပျပျရပ်ကွက်ငယ်လေးကို လှမ်းမြင်နေရပေပြီ ။ သို့သော် ကြားထဲမှအိမ်တွေက လူမနေတာလည်းရှိသလို ၊ ခြံဝန်းတွေလည်းကျယ်၍ အနည်းငယ်ဆိတ်ငြိမ်လှ၏။

သွားနေရင်း မဟူ့စိတ်ထဲ မူမမှန်မှုကိုခံစားလိုက်ရသဖြင့် သူ၏စူးရဲသောမျက်လုံးအစုံသည် ပတ်ဝန်းကျင်တစ်ဝိုက် လျှင်မြန်စွာကျက်စားသွား၏။ ပုံမှန်အတိုင်းကြည့်ပါက မူမမှန်သည့် မည်သည့်အရိပ်အယောင်မှကိုမတွေ့ရချေ ။ သို့သော် မဟူသည် ထိုမျှလောက် လှည့်စားရလွယ်သူမဟုတ်။

ဒီနားတစ်ဝှိက်က သူသွားနေကျဖြစ်သလို ဆိတ်ငြိမ်သည့်နေရာမှန်ပေမဲ့ ခါတိုင်းလူမရှိရင်တောင် ဖြတ်သွားဖြတ်လာအနည်းငယ်နှင့် ငှက်သံလောက်တော့မြင်ရ၊ကြားရသေး၏။ ဒီနေ့မှာအိပ်တန်းဝင်ကျေးငှက်သံပင်မကြားရလောက်အောင် တိတ်ဆိတ်နေသည်။

ဤသည်ကပို၍ မူမမှန်ခြင်းပင်ဖြစ်၏။  အမှောင်ထဲတွင် သူကျက်စားလာသည့်နှစ်အရေအတွက်မှာ ယခုပုန်းနေသောလူများထက်ပင်ပိုပါလိမ့်ဦးမည် ။ ခြေလှမ်းတွေကို နှေးမပစ်ဘဲ အမူအယာမပျက် ပုံမှန်အတိုင်းဆက်​ေလျှာက်သွားလိုက်၏။ နေက အနောက်တောင်ဘက်စွန်းစွန်းဆီသို့ အလျှင်အမြန် ပြေးဝင်ပျောက်ကွယ်သွားပြီဖြစ်သလို အအေးဓာတ်က အမှောင်ထုကို ခပ်သွက်သွက်ခေါ်ဆောင်လာ၏။

နိယာမ(Desire)    [ခေတ္တရပ်နား]Où les histoires vivent. Découvrez maintenant