၂၇

497 58 6
                                    

ခီရာအိမ်ကိုလမ်း​ေလျှာက်ပြန်လာတော့ နေအတော်မြင့်နေပေပြီ ။ တူတော်မောင်က အိမ်ပေါက်ဝမှာခေါက်တုံ့ခေါက်ပြန်လမ်း​ေလျှာက်ရင်း ဦးလေးဖြစ်သူပြန်လာတာကိုတွေ့တော့ အနားအပြေးရောက်လာ၏။

"လေးလေး...လေးလေး ။ ဘာလို့အခုမှပြန်လာတာလဲ ။ မနေ့ညကတစ်ညလုံးပြန်မလာလို့ ဘိုးတော်ကြီးဒေါခွီးနေတယ်...အခုကအချိန်ကောင်းမဟုတ်ဘူး"

တစ်ညလုံး လေအေးထဲမှာနေခဲ့ရခြင်းကြောင့်ရော ၊ မအိပ်ခဲ့ရခြင်းကြောင့်ပါ ခီရာ့ခေါင်းတွေကရှုပ်ထွေးနောက်ကျိနေ၏။ မျက်လုံးတွေက ရဲရဲနီနေပြီး ဖြူဖျော့သောအသားအရည် ၊ အနီရောင်ဂါဝန် ၊ ဒဏ်ရာဟောင်းတို့ကြောင့် မူမမှန်သောလမ်း​ေလျှာက်ပုံနဲ့ပါပေါင်းလျှင် ခီရာ့ပုံက သွေးဆာနေသောစိတ်တဇလူသတ်သမားတစ်ယောက်လိုပင် ။

(A/N - ပါဥ်ဆင့်နေရာတွေမှာ သည်းခံပြီးဖတ်ပေးကြပါနော် ။ ခဏခဏပြောပြီးသားပေမဲ့ ကိုယ့် keyboard က ပါဥ်ဆင့် type မရလို့ပါ။ တစ်ချို့နေရာတွေ copy,paste နဲ့ပြန်ယူရေးပေမဲ့ တစ်ခါတစ်လေ ဈာန်ဝင်နေတုန်း အလုပ်ပိုလို့ ဒီတိုင်းအဆင်ပြေသလိုပေါင်းလိုက်ပါတယ်။)

"လေးလေး...ကျွန်တော်ပြောနေတာကြားလား ။ ဒီနေ့က တကယ့်ပြဿဒါးနေ့ကြီးနော် အဖိုးကြီးတင်မက ဂိုဏ်းကအရေးပါတဲ့လူကြီးသားသမီးတွေပါ ဒီကိုရောက်နေကြတာ အဲ့လူတွေကအစထဲက လေးလေးကိုအပြစ်ရှာနေကြတာ ။ မဟာအံ့ဝန်းသိုရဲ့နောက်လိုက်တွေလေ... အခု သူတို့တွေစုဝေးနေကြလေရဲ့"

စတွေ့စဥ်တုန်းကလို မပီမသ ေညှာင်ညက်ညက်အသံလေးနဲ့ မပွင့်တပွင့်ပုံစံလေးမဟုတ်တော့ဘဲ မိခင်ဖြစ်သူမျက်နှာကြောင့် သူ့ကို ဦးလေးဖြစ်သူကမျက်နှာသာပေးထားတာကိုသိသည့်ခန့်ညားမောင်သည် တစ်နေ့တစ်ခြား ခီရာ့အပေါ်ဆိုးသွမ်းရဲတင်းလာသည် ။

ဆူဆူညံညံအသံတွေကိုမကြိုက်သည့် ခီရာ့အနားမှာအမြဲလိုလို တွတ်တိုးသဖန်းပိုးလုပ်ကာ နောက်ကတကောက်ကောက်လိုက်နေတတ်၏။ ခီရာ့အနားမှာအမြဲတွေ့နေရတော့ ကြာတော့လူတွေက ခန့်ညားမောင်ကို ခီရာကပ,သားပေးပြီး တရင်းတနှီးရှိကြသည်ဟုထင်လာကြသည်အထိ ။

နိယာမ(Desire)    [ခေတ္တရပ်နား]Kde žijí příběhy. Začni objevovat