867 87 6
                                    

Warning!! (လူကုန်ကူးမှုနဲ့ပက်သက်ပြီး စိတ်မချမ်းသာစရာအကြောင်းအရာများပါဝင်ပါတယ် ။ အသက်မပြည့်သေးတဲ့သူများ ၊ စိတ်မခိုင်တဲ့လူများမဖတ်ကြဖို့မေတ်တာရပ်ခံပါတယ်။ ကိုယ့်စိတ်ကိုယ်တာဝန်ယူနိုင်မှသာဖတ်ပါ။)

****

တော၏အလယ်တွင် လူရာပေါင်းများစွာသောအဖွဲ့ကြီးတစ်ဖွဲ့သည် တင်းကြပ်သောစောင့်ကြပ်မှုများလုပ်ကာ အနယ်နယ်အရပ်ရပ်မှ တဖွဲဖွဲရောက်လာကြသောလူများ၏ ပုံးကြီးပုံးငယ်များကို စောင့်ကြပ်နေကြ၏။  ဆယ်ကျော်သက်အရွယ်လူငယ်လေး အယောက် ၃၀ ဝန်းကျင်ကို မျက်လုံးနှင့်ခြေ၊လက်များ စည်းနှောင်ရစ်ပတ်ထားပြီး လက်နက်များကိုင်ဆောင်ထားသည့်လူများက အော်ဟစ်ကျိမ်းမောင်းဟာ ငြိမ်ငြိမ်သက်သက်နေကြရန် ဖိအားပေးနေကြ၏။

ကလန်ကဆန်နှင့်ရုန်းရင်းဆန်ခတ်ပြုလုပ်နေကြသော အဖမ်းခံရသူယောက်ျားလေးအချို့အားလည်း ရိုက်နှက်ထုထောင်းလျက် ၊ ရုပ်ရည်ချောချောမောမောမိန်းကလေးများပါလာပါက ထိကပါးရိကပါးပြုလုပ်ပြီး ​မမြင်ကွယ်ရာသို့ အပေါင်းအဖော်လေးငါးယောက်ခန့်နှင့်အတူ ဆွဲထုတ်ခေါ်ယူသွားကြ၏။ ညမှောင်မှောင်တွင် မိန်းမငယ်လေးများ၏ ငိုယိုအော်ဟစ်အကူအညီတောင်းသံများ ၊ ကျိမ်းမောင်းသံများဖြင့် ထိုနေရာတစ်ဝိုက်သည် ငရဲပွက်သည့်အလား။

ထိုအဖွဲ့ကိုဦးဆောင်နေသည်ကား မျက်နှာမှာကန့်လန့်ဖြတ်အမာရွတ်ကြီးဖြင့် စပ်ခွန်သိုက်ဟူသည့် ထောင်ထောင်မောင်းမောင်းအသားဖြူဖြူဖြင့် အသက် ၄၀ ကျော်အရွယ်လူကြီးတစ်ဦးပင်။ ရှမ်းဗမာကပြားတစ်ယောက်ဖြစ်ပြီး တရုတ်ဘက်အခြေစိုက်သည့် လူကုန်ကူးဂိုဏ်းတစ်ခုမှခေါင်းဆောင်တစ်ယောက်ဖြစ်သည်။

ဤကဲ့သို့နယ်စပ်ဒေသမျိုးတွင် လူကုန်ကူးအဖွဲ့အစည်းများရံဖန်ရံခါရောက်လာတတ်ကြသော်လည်း ထိုသူတို့ကအလွန်သိုသိပ်ကြ၏။ လုပ်ငန်းကိစ်စများကိုမြန်မြန်လက်စသတ်ပြီး ခြေရာဖျောက်လူစုခွဲသွားကြတာများသည်။ ယခုကဲ့သို့ ခေါင်းဆောင်အပါအဝင် အဖွဲ့လိုက်ကြီး မြင်သာထင်သာဆင်းချလာတာတော့ ပထမဆုံးဖြစ်သည်။

နိယာမ(Desire)    [ခေတ္တရပ်နား]Donde viven las historias. Descúbrelo ahora