837 95 4
                                    

"လာရင်းကိစ်စ"

အေးစက်စက် သဘာပတိ၏အသံကြောင့် စဝ်ခွန်သိုက်ကလည်း အိမ်၏ပတ်ဝန်းကျင်တစ်ဝိုက် လိုက်လံအကဲခတ်နေတာကိုရပ်တန့်လိုက်၏။ ထို့နောက် လူငယ်နှစ်ယောက်ထံအကြည့်ပို့လိုက်ပြီး စကားစ,လိုက်သည်။

" သတင်းစကားတွေအရတော့ ကျုပ်တို့အချင်းချင်းသိနေပြီးသားလို့မှတ်ယူထားပေမဲ့ ကျုပ်အနေနဲ့မောင်ရင်တို့နဲ့ပထမဆုံးတွေ့ဖူးတာမို့ ကျုပ်ကိုယ်ကျုပ်အရင်မိတ်ဆက်ပါ့မယ် ။ ကျုပ်နာမည်က စဝ်ခွန်သိုက်...ပြည်မကြီး(တရုတ်)ဘက်ကလုပ်ငန်းတွေနဲ့နှီးနွယ်ပြီး တောင်တန်းဒေသအခြေစိုက်လက်ဝ​ဲဂိုဏ်းရဲ့ ခေါင်းဆောင်ပါ။ ဒီဘက်ကတော့ ကျုပ်တပည့်နေမင်းလို့ခေါ်တယ်...သူက ပစ္စည်းပို့ဆောင်ရေးကိစ်စတွေကို အထူးတာဝန်ယူရတာ"

သူကိုယ်တိုင် မိတ်ဆက်ခြင်းအကြောင်းအရာကိုပြုလုပ်လိုက်ပြီး စဝ်ခွန်သိုက် စကားခဏရပ်လိုက်ပြီး မိမိရှေ့မှလူနှစ်ယောက်က အပြန်အလှန်မိတ်ဆက်လိုခြင်းရှိမရှိကို အကဲခတ်လိုက်သည်။ သို့ပေမဲ့ နှစ်ယောက်သားထဲ တစ်ယောက်က ပြုံးစစဖြင့် သူ့စကားကိုစိတ်ဝင်တစားနားထောင်နေလျက်ရှိပြီး နောက်တစ်ယောက်ကတော့ ဒူးထောင်ပေါင်ကားဖြင့် ငါးရံ့ခြောက်ဖုတ်ကိုထိုင်ဝါးနေသည်။

ထိုသူ၏ထိုင်နေပုံကြောင့် ဝတ်ထားသောဂါဝန်မှာ ပေါင်တစ်ဝက်ခန့်လိပ်တက်နေပြီး သူ့ကြည့်နေတာကိုတွေ့တော့ သူ့ကိုတည့်တည့်ပြန်စိုက်ကြည့်ပြီး လွန်စွာမယဥ်ကျေးသောဟန်ဖြင့် ဆက်ပြောဟုခေါင်းဆက်ပြသည်။ စဝ်ခွန်သိုက်သည် စိတ်အနှောက်အယှက်ဖြစ်သွားသော်လည်း စိတ်ထဲထားမနေတော့ဘဲ လိုရင်းကိုသာဆက်၏။

"ကျုပ်ဘာအလုပ်လုပ်လဲဆိုတာကို မောင်ရင်တို့သိနေပြီးသားဖြစ်မှာမို့ ပွင့်ပွင့်လင်းလင်းပဲပြောတော့မယ်။ လာမယ့်လဆန်းရက်မတိုင်ခင် အခုပါလာတ​ဲ့ပစ္စည်းတွေကို ဟိုဘက်ကဝယ်သူတွေဆီကို အရောက်ပို့ရမယ် ။ ဒီနေ့ဆိုရင်ပဲလဆုတ်ရက်ဖြစ်နေပြီ ကြားထဲမှာ ၁၅ ရက်ပဲအချိန်ရတော့တာမို့ သွားရမဲ့လမ်းခရီးနဲ့ဆိုရင် အချိန်မလောက်တော့ဘူးဖြစ်နေလို့ မောင်ရင်တို့ရဲ့နယ်မြေထဲကဖြတ်ချင်တယ်"

နိယာမ(Desire)    [ခေတ္တရပ်နား]Donde viven las historias. Descúbrelo ahora