အပိုင်း(၁)

22.6K 2.2K 868
                                    

အက်ကြောင်းတွေက ကြီးမားတဲ့
ဆုံးရှုံးပျက်ဆီးခြင်းတွေရဲ့အစပဲ။

......

"Hyungက
ငါနဲ့စေ့စပ်ထားတာ February 14ရက်နေ့
မင်္ဂလာဆောင်ဖို့စီစဉ်ထားတယ်"

ဝ်ိုင်အနည်းမော့လျှက် ပြောသောJimin ၏စကား
ကိုအံ့ဩသွားကာ မယုံနိုင်သူကTaeHyung ။

"ဘယ်လို....မင်္ဂလာဆောင်မယ်.."

"အင်း...နှစ်ဖက်မိဘတွေလည်းသိပြီးပြီ
အားလုံး အဆင်ပြေပြေပါပဲ..
ငါ့အလှည့်ကျလည်း မင်းတို့လာနော်..."

စိတ်လှုပ်ရှားစွာအလွန်ပျော်နေပုံရသော
Jimin သည် ခုမှအချစ်ကိုစတွေ့ဖူးသော
ဆယ်ကျော်သက်လေးလို တက်တက်ကြွကြွ။

"Jimin...မင်းစိတ်ရောပါလို့လား
လက်ထပ်တာက ကစားနည်းတစ်ခုမဟုတ်ဘူးနော်"

"ဘာစိတ်မပါစရာရှိလို့လဲ
Hyungကငါ့ကိုသိပ်ချစ်တယ်
ငါလည်းချစ်တယ်...ချစ်လို့Official
လက်တွဲပြီး ပေါ်တင်နေနေတာပေါ့
ငါတို့ကိုလူတိုင်းက လိုက်ဖက်တယ်ဆိုတာကြီးပဲ"

"ဘဝအတွက်သင့်တော်တဲ့သူတွေ့လို့
အိမ်ကသဘောတူလို့လက်ထပ်တာကအထိ
သဘာဝကျပါသေးတယ်
မင်းနောက်တစ်ယောက်ကိုချစ်သွားတယ်
ဆိုတာကတော့ တော်တော်ရယ်ရတဲ့စကားပဲ
ဟာသ"

Kimက ဝိုင်သောက်ကာ ရယ်ချင်စိတ်ကိုမနည်း
ထိန်းရသည့်ဟန်။Jiminကတော့Kimကို
မပြုံးမရယ်မျက်နှာတည်ဖြင့်ကြည့်လာသည်။

"ရယ်စရာကောင်းနေလို့လား...."

Kimရဲ့မျက်နှာချက်ချင်းတည်သွားခဲ့သည်။
Jimin အားအတည်တကျကြည့်လာသည်။
Jimin သည် ခြေထောက်တွေကိုသေချာချိတ်လိုက်ကာ
Kimမျက်နှာကိုသေချာကြည့်လျှက်

"အဆုံးသတ်သွားခဲ့တာ၂နှစ်ကြာသွားပြီ
TaeHyung...ငါကဘာလို့နောက်တစ်ယောက်ကို
ထပ်မချစ်နိုင်ရမှာလဲ ...ချစ်တော့ရောဘာဖြစ်လဲ
မင်းတို့စိတ်တွေထဲ ငါက အဲ့ဒီယောကျ်ားတစ်ယောက်
ထဲကိုပဲချစ်နိုင်လိမ့်မယ်ထင်နေတာလား..."

"မဟုတ်လို့လား...."

ဩရှရှအသံသည်အရှိုက်တည့်တည့်။
ဝိုင်ကိုအကုန်အစင်မော့ချလိုက်ကာ

အက်ကြောင်းကဗျာ🍂Donde viven las historias. Descúbrelo ahora