"အစ်ကို ဒယ်ဂူရောက်လည်း ထယ့်ကို
ချစ်တာမလျှော့နဲ့နော်..."ကားထဲအထုတ်တွေထည့်နေသောKim
သည်သယ်ပိုးနေသောလက်မောင်းကြီးနဲ့
အထုတ်တွေမှအားမနာချွဲတော့ Yoongi ကပြုံးသည်။"အစ်ကို..ပြုံးတိုင်း သေသေသွားသလိုပဲ"
"ငါ ဆွဲနမ်းမှာနော် KimTaeHyung..."
ကြုံရာလူနမ်းကြေးပဲ။ဘယ်သူကရယ်မရှိ
ဆိုးဆိုးသွမ်းသွမ်းနှစ်ယောက်မလို့
ကြမ်းကြမ်းရမ်းရမ်းအချစ်တွေနဲ့သီကုံးထားတယ်။အထုတ်တွေထည့်ပြီးYoongi ဆီလျှောက်
သွားကာနှုတ်ခမ်းတွေကိုဆွဲယူလိုက်တော့
Yoongi ကTaeHyung ခါးတွေကိုသိုင်းဖက်ထားသည်။ပြောသူကတစ်ယောက် ဦးသူကတစ်ယောက်
ပေမယ့် အညိုရောင်တွေကိုနမ်းရတာ
Coffee ရောင်နဲ့ဆင်လို့လားမသိဘူး Coffee
လိုပဲ ထာဝရချိုချိုခါးခါး။"ဒယ်ဂူ ရောက်ရင် သိပ်မလွတ်လပ်မှာစိုးလိုက်တာ"
"အစ်ကို နမ်းချင်လာရင် လူရှင်းမှဖြစ်မယ်ဆို
ဂြိုလ်သပ်သပ်တစ်လုံးသွားမယ်ဆိုတောင်
လိုက်မယ်....""ကြိုက်တယ်..."
"ကျွန်တော်ရော....."
MinYoongi က ပြန်ဆွဲယူကာပြန်ဦးဆောင်ပြန်သည်။
ဒါပေမယ့်နမ်းနေရင်း ခပ်ဝေးဝေးမှ
လျှောက်လာသောပုံရိပ်တစ်ခုကိုထယ့်ပုခုံးတွေ
မှကျော်မြင်လ်ိုက်တာကြောင့်နှုတ်ခမ်းတွေကို
လွှတ်ပေးလိုက်သည်။"Jimin မလား....ဘာလာလုပ်တာလဲ..."
"ဟမ်..."
TaeHyung သည်မျက်လုံးတွေပြူးကာ
လှည့်ကြည့်လိုက်တော့ အထုတ်တစ်ထုတ်
ဖြင့်တရွေ့ရွေ့လာနေသော ParkJimin ။"Jimin......မင်း ဘာ...လာ လုပ်...."
ဖြူဖတ်ဖြူလျော်မျက်နှာသည်တော်တော်လေး
အခြေအနေမဟန်။TaeHyung ကိုငေးကြည့်
လာပုံသည်အရောင်မှိန်လွန်းလှသည်။"နေမကောင်းဘူးလား..."
"ငါမင်းတို့နဲ့ ဒယ်ဂူ လိုက်ခဲ့မလို့...."
"Ann!!!!"
"ငါစိတ်ညစ်စရာကိစ္စလေးတွေရှိနေလို့
စိတ်ပြေလက်ပျောက် အရင်ကျောင်းတုန်းကလည်း
လိုက်နေကျပဲဟာ ..."