"ဒီညပွဲကို မင်ဂျွန် နဲ့အတူတူသွားတက်လိုက်"
"ဟုတ်ကဲ့.."
"ဒယ်ဒီ"
"အင်း..."
"ကျွန်တော် လက်ထပ်ပွဲကိုရက်နည်းနည်းရွေ့လို့
ရမလား"Coffee ခွက်ကိုချကာစိုက်ကြည့်လာသော
မျက်လုံးတွေသည်ကြောက်စရာအမြဲတမ်း
ကောင်းခဲ့သည်။"ဘာတွေဖြစ်နေတာလဲJimin..
ဆိုးလ်ကို ရောက်တာ တစ်ပတ်တောင်မရှိသေးဘူး
ဟိုကောင်နဲ့..""မဟုတ်ဘူး ဒယ်ဒီ သူနဲ့ဘာမှမဆိုင်ပါဘူး
ကျွန်တော်စိတ်နည်းနည်းပင်ပန်းနေလို့...""မင်း ရဲ့ အဲ့ဒီမရေမရာစိတ်ခံစားချက်တွေက
ဘယ်တော့မှပျောက်မှာလဲ
ကလေးကစားနေတာမဟုတ်ဘူးနော်""ဖျက်သိမ်းနေတာမှမဟုတ်တာ
လနည်းနည်းနောက်ဆုတ်စေချင်တာ...""မရဘူး နှစ်ဖက်မိဘအားလုံးပြောဆို
စီစဉ်ပြီးနေပြီ မင်းနဲ့သူပေါင်းဖက်ဖို့က
စီစဉ်နေတုန်းပဲဆိုပေမယ့် စီးပွါးရေးတွေက
ပေါင်းစပ်ပြီးပြီ ငါဘယ်လိုနည်းနဲ့မှ
အပျက်ဆီးမခံနိုင်ဘူး...""မင်းဘဝကို အကောင်းဆုံးအမြင့်ဆုံး
လျှောက်နိုင်ဖ်ို့ မင်းဘဝတစ်လျှောက်လုံး
အမှားတွေကြီးလုပ်ခဲ့တာတောင်
အကောင်းဆုံးဒီလိုမျိုးပြန်တည့်မတ်ပေးခဲ့တာကို
ထပ်ပြီးပြဿနာလုပ်ချင်သေးတာလားJimin""မဟုတ်ပါဘူး...."
"တစ်ခုခု လွဲချော်ကြည့် မင်းရောမင်းအမေရော
လွယ်မယ်မထင်နဲ့..."အဖေအရင်းမဟုတ်ခဲ့ဘူး။ဆိုးတယ်လို့လည်း
သတ်မှတ်၍မရသလိုကောင်းသလားဆိုတော့လည်း
သတ်မှတ်မရပါ။Jimin အထက်တန်းကျောင်းသား
ဘဝမှာမေမေ အိမ်ပေါ်ခေါ်လာခဲ့သည်။
အလွန်အေးစက်သောအပြုအမူ မျက်လုံးတွေနဲ့
စီးပွါးအရှာတော်လွန်းတဲ့သူ။သူစေ့စေ့စပ်စပ်
ဦးဆောင်နိုင်တော့ သားအမိနှစ်ယောက်လုံး
အားကိုးအားထားပြုရာဖြစ်လာသည်။Jungkook နဲ့တွဲခဲ့သောတစ်လျှောက်လုံးတွင်
ရန်ပွဲပေါင်းများစွာထိပ်တိုက်တွေ့ခဲ့ကာ
သူJungkook ကိုလုံးဝကြည့်မရခဲ့ပါ။
Jungkook နဲ့လမ်းခွဲခဲ့ပြီးသည့်နောက်ပိုင်း
စိတ်ထင်နေသလားမပြောတတ် မေမေနဲ့သူ့အပေါ်
ပို၍လွှမ်းမိုးလာသည်။