2023 February 14🤍။
အချစ်ရောင်တွေတစ်ကမ္ဘာလုံးသမ်းနေသော
February 14 ဆိုတဲ့နေ့ရက်လေးတစ်ရက်မှာ
ကောင်းကင်ကြီးဟာလည်းအစွမ်းကုန်ပြာလွင်နေ
ပါသည်။အတိအကျ အဖြူရောင်တွေကိုပဲအလှဆင်ထား
ခဲ့သော လက်ထပ်ပွဲတစ်ခုဟာအသေးစိတ်ပြင်ဆင်
မှုတွေနဲ့အလွန်အမင်းလှပနေလျှက်။ငယ်ရွယ်သောလူငယ်အများစုပွဲတက်လာ
ကြပြီး ကျောင်းတုန်းက သူငယ်ချင်းဟောင်း
တွေပြန်ဆုံကြတာရော ကျောင်းတက်စဉ်က
မနာလိုအားကျဝေဖန်ကဲ့ရဲ့ခဲ့သော။ဒါပေမယ့်လည်း
ပြတ်သွားကြတယ်ကြားလို့ သူတို့ပါမျက်ရည်ဝဲ
ခဲ့ရသော တစ်လောကလုံးကို BCထားတဲ့
အတွဲမင်္ဂလာဆောင်ဖြစ်နေ၍ အတိုင်းထက်အလွန်
ပျော်ရွှင်တက်ကြွနေပါ၏။နေရာကိုယ်စီမှာထိုင်လျှက်ကျောင်းပြီးပြီး
နှစ်နည်းနည်းကြာမှပြန်ဆုံကြ၍စကားတွေ
ပြောလို့မကုန်နိုင် ကျောင်းကိုလွမ်းဆွတ်၍
မပြီးနိုင်ဖြစ်နေကြသည်။အလုပ်အရှုပ်ဆုံးသည်အညိုရောင်ဝတ်စုံလေးနဲ့
TaeHyung ပါပဲ။အပွင့်အခတ်လေးတွေပါတဲ့
လည်စည်းပုဝါလေးကိုစည်းထားကာ
သည်မင်းသားလေးတစ်ပါးနီးပါး
ချောမောနေပါ၏။သူငယ်ချင်းတွေရောက်လာတဲ့အခါပြေးကြိုဆို
ထိုင်ခိုင်းထားသောနေရာမှာပဲမလှုပ်မရှား
ငြိမ်ငြိမ်ပဲထိုင်နေသောယောကျ်ားဖြစ်သူ
ကိုအိပ်မပျော်သွားအောင်ခဏခဏသွား
သတိပေး။ ပန်းတွေ စားသောက်ဖွယ်ရာတွေ
အပြင်အဆင်တွေ အားလုံး အားလုံးကို
စီစဉ်ညွှန်ကြားနေရသည်။နောက်တစ်ယောက်သည် အမြဲအရေးအကြောင်း
ဆိုဂါဝန်အရှည်ကြီးတွေဝတ်ကာအရမ်း
ဖရိုဖရဲဆန်လွန်းသောရေချယ်ဖြစ်သည်။
ဂါဝန်ကိုမကာဟိုပြေးဒီပြေးနှင့်မင်္ဂလာဆောင်သည်
သူတို့၂ယောက်ကိုကြည့်ရုံဖြင့်အလွန်မူးဝေ
နေရသည်။အချိန်နဲ့တပြေးညီLiveလွှင့်ပေးနေသော
Hoseokie သည်ဆိုင်ပိတ်ကာအစောကြီးရောက်
နေပြီးမင်္ဂလာဆောင်တစ်ခုလုံးကိုအသေးစိတ်
လိုက်ပြနေသည်။