"မောင်!! ငါ မာဖလာလေးခုတောင်ထိုးလာတယ်.."
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေစဉ်အခန်းတံခါးအား
ဝုန်းဒိုင်းဖွင့်ဝင်လာသောအသံကြောင့်Jeonလန့်နိုးသွား
သည်။အိပ်ခေါက်ပျက်သွားခြင်းကြောင့်လှမ်းအော်
လိုက်ချင်ပေမယ့်အော်ချ်ိန်မရအိပ်ရာပေါ်ခုန်တက်ကာ
ခန္ဓာကိုယ်ပေါ်ခွလာသောသူ။"အိပ်နေတာကွာ...အစောကြီးကို..."
"မအိပ်နဲ့...ငါတစ်ညလုံးထိုးထားရတာ ထကြည့်
ခုထကြည့်.."ဝါသနာကဘာလဲရေရေရာရာတော့သူမရှိပေမယ့်
Jim inကHandmade လေးတွေလုပ်တာလည်းရသည်။
သီချင်းလည်းအနည်းအပါးဆိုသည်။ပရဟိတဘက်
တွေလည်းစိတ်ဝင်စားခဲ့သူဖြစ်သည်။ဆရာဝန်ကြီး
သူဌေးကြီး လျှမ်းလျှမ်းတောက်အနုပညာရှင်လို့
ကြီးမားတဲ့အိမ်မက်တွေကိုပြင်းပြင်းထန်ထန်မမက်ခဲ့ဘူး။
သူကသူ့Lifestyle လေးနဲ့သူသွားခဲ့တဲ့သူ။
အချိန်တန်ရင် ဘွဲ့ယူပြီးရင်သူCompany ကောင်း
ကောင်းမှာအလုပ်ဝင်မယ်။ပြီးရင်မောင့်ကိုလက်ထပ်မယ်။
ဒါသူ ..အရိုးရှင်းဆုံးတွေးခဲ့တာပဲ။"မောင် ထကြည့်လို့!!!"
"ညှောင်စိန်ပဲ...ငါချစ်လိုက်ရရင်တော့..."
အပေါ်ပိုင်းဗလာဖြင့်Jeonဟာအိပ်မှုံစုံမွှားဖြင့်
ထလာသည်။ထထိုင်ကာကုတင်ခေါင်းရင်းမှီ
ထိုင်တော့ပေါင်ပေါ်ခပ်တည်တည်ပဲလာထိုင်သည်။"ဆင်း....လေးတယ်..."
"မဆင်းဘူး ထိုင်မှာပဲ..."
ခန္ဓာကိုယ်သေးသေးလေးအားသိမ်းကျူံးဖက်
ထားလိုက်ကာအိပ်ရေးမဝသေး၍သူ့ပုခုံးလေး
မှီပြန်အိပ်ဖို့လုပ်သည်။"အဝါရောင်တစ်စုံ အနီလေးတစ်စုံ
TaeHyungတို့အဆင်ပြေသွားတဲ့အခါ
မင်္ဂလာဆောင်ရင်လက်ဖွဲ့ပြီး ငါတို့လေးယောက်
ဒီမာဖလာလေးတွေနဲ့ဓာတ်ပုံရိုက်ဖို့လေ
မောင်...ဘာအရောင်ယူချင်လဲ...""အနီ...."
"ဘာလို့ အနီလဲ အနီက TaeHyungရဲ့အရောင်လေ
သူကအနီနဲ့အရမ်းလိုက်တာ Yoongiကလည်း
အသားအရည်လှတော့ကွက်တိပဲ မောင်အနီယူလို့
မရဘူး ငါအဝါရွေးထားတာ.."