"ဟုတ်ကဲ့ မေမေ...ဟုတ်ကဲ့..."
"သား နောက်ကျနေတာဒီနေ့
လူနာတွေများလို့ပါ...""ခုဆေးခန်းပိတ်နေပြီ မြန်မြန်ပြန်လာခဲ့မယ်နော်
မေမေဘာစားဦးမလဲ...""ကိတ်ဝယ်လာခဲ့မယ်လေ...
စိတ်ပူပေးတာ ကျေးဇူးတင်လို့ပါ...""မေမေ သားက ဆေးကျောင်းသား
ပေါက်စလေးမဟုတ်တော့ဘူးလို့....
မေမေဘာလို့ကလေးလို
အမြဲတမ်းမြင်နေရတာလဲ.."Joonဟာ အိမ်ပြန်နောက်ကျနေ၍
စိတ်ပူနေသောမိခင်ဖြစ်သူအား
ရှင်းပြနေကာပါးချိုင့်နက်ပေါ်သည်အထိ
ပြုံးရင်းဆေးအိတ်လေးထဲပစ္စည်းလေး
တွေသိမ်းထည့်နေသည်။ဆေးခန်းသေးသေးလေးနှင့်ရိုးရှင်းတဲ့
နေ့တွေညတွေဟာ
အထွေးအထူးသိပ်မရှိတတ်ပါ။
နေ့တိုင်းနေ့တိုင်းအေးအေးချမ်းချမ်း
တိတ်တိတ်ဆိတ်ဆိတ်ပဲ။"ဟုတ်ကဲ့ သား အခု ထွက်လာပြီ
ပစ္စည်းတွေသိမ်းတာပြီးသွားပြီ...
ဖုန်းချလိုက်တော့မယ်နော် ...."Joonie သည်လက်တစ်ဖက်ကအိတ်လေးကိုင်
ရယ်ရယ်မောမောဖုန်းပြောရင်းဆေးခန်း
ပြင်ထွက်လာခဲ့သည်။သို့သော်အပြင်ရောက်သည်နှင့်ဒေါက်တာ
ခြေလှမ်းတွေတိခနဲရပ်သွားရသည့်
မြင်ကွင်းတစ်ခုသည်ဆေးခန်းရှေ့တည့်တည့်က
လမ်းပေါ်မှာ။မိခင်ဖြစ်သူ၏ဖုန်းကိုချလိုက်ကာ
ရှေ့တည့်တည့်မှာရှိနေသော
ပုံရိပ်အားအံ့အံ့ဩဩမှင်သက်စွာ
ကြည့်မိလျှက်။လေသင့်ရာ ရလာသော
အရက်နံ့သည်Joonကိုယ်မှာစွဲနေသော
ဆေးနံ့ကို ကျော်ကာမွှန်ထူနေသည်။
နီနီရဲရဲမျက်လုံးဖြင့် တစ်ကိုယ်လုံးအနက်ရောင်တွေ
ခညောင်းစွာဖြင့် စူးရဲစွာလာစိုက်ကြည့်နေသောKimSeokJin ။စူးရှနေသောမျက်လုံးများသည်နာကျင်
မှုကိုထုံထိုင်းနေပြီဖြစ်သောJoonနှလုံးသားကို
အမြဲတမ်းမှာအမှတ်တရားမရှိလှုပ်ခတ်နိုင်ပါသည်။အညိုရောင်Long Coat ရှည်ရှည်နှင့်
အနက်ရောင်အိတ်လေးတစ်လုံး
ကိုင်မျက်မှန်ပုံတုံးတုံးဆရာဝန်လေးနှင့်
လမ်းပေါ်စုံရပ်နေသောလူမိုက်ကြီး၏
ဆေးခန်းမီးရောင်ခပ်မှိန်မှိန်လေးအောက်
မျက်နှာချင်းဆိုင်မြင်ကွင်းဟာအပ်စပ်မှုတော့
မရှိနေပါ။