"မောင့်ပုံစံကိုကြည့်ရတာလည်းအမြဲထိုင်းမှိုင်း
ရှုပ်ထွေးနေတာပဲ...အနုပညာဆိုတာစိတ်ခံစားမှု
ကိုအခြေခံလို့ Moodမရရင် အတင်းကြီး
ကြိုးစားနေလို့လည်းမထူးဘူးလေ....နားပါဦးလား"ကျောင်းပြီးဘွဲ့ယူပြီးသွားကြတဲ့အခါ
အသက်အရွယ်တစ်ခုဆီကိုရောက်လာကြသည်။
Jeonက တေးရေးဆရာပေါက်စလေးဖြစ်နေပြီး
တချို့သီချင်းတွေသည်လူငယ်တွေကြား
နာမည်ကြီးစပြုလာသည့်အချ်ိန်ဖြစ်သည်။ခေါတ်၏အဆိုတော်ဖြစ်ခါစလေးတွေသည်လည်း
Jeonနဲ့အတူအလုပ်လုပ်ဖို့ ကမ်းလှမ်းတောင်းဆို
သောအနေအထားလေးတစ်ခုကိုရောက်လာခဲ့သည်။
အရမ်းကြီးပေါက်ရောက်တယ်လို့မဆိုန်ိုင်သေးပေမယ့်
ကြိုးစားနေသောလူငယ်လေးတစ်ယောက်အတွက်
စိတ်လှုပ်ရှားဖွယ်ရာအချ်ိန်ပေါ့။စာရေးသူတစ်ယောက်အနေနဲ့ဆိုလျှင်
ဘယ်သူမှမဖတ်ခဲ့သောကိုယ့်စာတွေကို
စာဖတ်သူတစ်ယောက်မျက်စိလည်လမ်းမှား
ဝင်ဖတ်ကာ Voteတစ်ခုနဲ့ Comment လေး
တစ်ခုချန်ခဲ့သောအချိန်တွေလိုပဲ။
ရှေ့ဆက်ရသောအချိန်တွေမှာဘယ်လောက်ပဲ
အသိအမှတ်ပြုမှုတွေရရ အဲ့ဒီအခိုက်အတန့်လေး
ကိုတော့ဘာနဲ့မှကိုမလဲနိုင်ခဲ့ကြဘူး။လက်ဆတ်ခဲ့သော ခွန်အားတွေ ကြိုးစားချင်
စိတ်တွေ အင်အားတွေနဲ့ တကယ့်ကို
အားတက်သရောပါပဲ။ဝေဖန်မှုတွေမရှိဘူး။ ချပြချင်သလိုလွတ်လပ်စွာ
ချပြခွင့်ရတယ်။ဒါကိုလုပ်လို့ ဝိုင်းအပြစ်တင်ရှုံချ
ကြမလား အစွဲအလန်းတွေနဲ့ ကျဉ်းကျပ်နေတဲ့
ဘောင်ထဲကိုမရောက်သေးဘူး။စိတ်ရှိတိုင်းအချိန်
အခါတွေပေါ့။အဲ့ဒီလို ပထမဆုံးခြေလှမ်းလေးတွေတိုင်းဟာ
အနုပညာဘာသာရပ်တိုင်းမှာရင်ခုန်ခဲ့ရတာကြီးပဲ။
ငါတို့ အတွက် ဘယ်တော့မှပြန်ဖန်တီးခံစားလို့
မရတော့တဲ့ ကာလအပိုင်းအခြားလေးတစ်ခု
ဖြစ်ကြောင်းဝမ်းနည်းစွာတော့လက်ခံနေရပါသည်။"ကလေးပျင်းနေပြီလား...ခဏအိပ်လိုက်လေ"
အိပ်ရာပေါ်တွင် ဘီယာခွံတွေ မုန့်ထုပ်အတိုအစတွေ
ဘယ်တော့မှမခေါက်ခဲ့သောစောင်တစ်ထည်နှင့်
အိပ်ရာပေါ်ရောက်တိုင်းအင်္ကျီမဝတ်တတ်သော
Jeonသည် သီချင်းကောင်းတွေဖြစ်လာဖို့
အတွေးတွေအများကြီးနှင့်။