နေရောင်ခြည်သည်မျက်နှာပေါ်တည့်တည့်ကျ
လာတော့ သတိပြန်ဝင်လာကာနိုးလာသည်။
မနက်စောစောတစ်ခုဖြစ်လိမ့်မည်။
မနေ့ကထက် နေ့လို့ထိုင်လို့အဆင်ပြေနေပြီး
စိတ်ပိုင်းဆိုင်ရာရော ခန္ဓာကိုယ်ပိုင်းဆိုင်ရာပါ
အများကြီးသက်သာနေသည်။ခုမှပုံမှန်ParkJimin ရဲ့စိတ်နဲ့ကိုယ်ပြန်ကပ်
သွားပြီးဘေးဘီကြည့်လိုက်တော့မရင်းနှီးသော
အခန်းတစ်ခန်းပဲ။ အရှိန်မသေသောကြောက်လန့်
မှုတွေကြောင့် ရင်ထဲဒိန်းခနဲ။အမြန်အဆန်
ပြတင်းပေါက်ကနေဘယ်နေရာရောက်နေလဲ
ကြည့်ဖို့ စောင်တွေကိုဖယ်လိုက်တော့"နိုးပြီလား....."
အကြောက်လွန်ခဲ့သူမလို့ ဘာတွေလွဲပြန်ပြီလဲ
ဟုစောင်ပုံထဲ ယောက်ယက်စခတ်ရုံပဲရှိ
သေးသည် ကြားလိုက်ရသောအသံကြောင့်
Jiminမျက်ဝန်းလေးတွေဝိုင်းစက်သွားသည်။စားစရာတချို့ဖြင့် မနက်ခင်းနဲ့အပြိုင်
လန်းဆန်းစွာပြုံးရယ်နေသောမောင်သည်
တစ်လှမ်းချင်းစီသူ့ဆီလျှောက်လှမ်းလာနေသည်။ပေါ့ပါးစွာပြုံးလျှက်လာနေသော
မောင့်ကိုမြင်သည်နှင့်မနေ့ကအဖြစ်အပျက်ဆိုး
တွေသည်ခေါင်းထဲတန်းစီပြန်ဝင်လာကာ
လက်ဖျားလေးတွေတုန်ခနဲ။"အိပ်လိုက်တာ မနေ့ထဲက ...မောင်က
စိုးရိမ်နေတာ Namjoon Hyungကပုံမှန်ဆိုလို့သာ
သည်းခံနေတာ သိလား...."မောင်က အညိုရောင်ဆံပင်လေးတွေကို
သပ်တင်ပေးရင်းနွေးနွေးထွေးထွေးဆိုသည်။"ငါ..ဘယ်တွေရောက်နေတာလဲ...."
"ရေချယ့်တိုက်ခန်းလေ...ဆေးသွင်းပြီးထဲက
မင်းကိုမနှိုးချင်လို့ ချီခေါ်လာခဲ့တာ ညထဲကခုထိ
တစ်ရေးမှကိုမနိုးဘူး ....""ဘာလို့လဲ....ဘာလို့ခေါ်လာခဲ့တာလဲ"
ခပ်တင်းတင်းမျက်နှာဖြင့်မကျေမနပ်ဟန်
မောင့်ကိုကြည့်ကာအေးစက်စက်မေးလာသည်။
မျှော်လင့်ထားတဲ့အခြေအနေပါပဲလွယ်ကူနေရင်
ParkJimin ဘယ်ပီသပါ့။အကြောက်လွန်ကာစိတ်မငြိမ်သော
အခြေအနေမှာသာသူကဟုတ်သလ်ိုလိုရှိခဲ့တယ်။
ParkJimin ဆိုတဲ့စိတ်နဲ့ကိုယ်ပြန်ကပ်လျှင်
မာန်စွယ်လေးကစလာပြီ။