အပိုင်း(၂၅)

14.2K 1.7K 798
                                    

"ကင်မင်ဂျွန်!!!!!..."

ကျယ်လောင်ပြင်းရှသောအသံသည်ခန်းမထဲကို
ဘယ်သူ့ကိုမှဂရုမစိုက်ဟန်ဝင်သွားခဲ့သောအမျိူးသမီး
ထံမှ။

အတွဲညီညီပါတီပေးနေသောကင်မင်ဂျွန်နှင့်
Jimin သည်အလွန်ကျယ်လောင်လွန်းသော
ဆိုးဆိုးဝါးဝါးအသံကြောင့်လန့်သွားကာ
ပြိုင်တူလှမ်းကြည့်လာသည်။

ကင်မင်ဂျွန်၏မျက်လုံးတွေပြူးကျယ်
သွားကာ Jimin ကိုဆုပ်ကိုင်ထားသော
လက်တွေကိုဖြုတ်ချလိုက်ပြီး ချက်ချင်းဆိုသလို
ထိုမိန်းကလေးဆီကိုအလောတကြီးပြေးသွားသည်။

"နင် ဘာ လာလုပ်တာလဲ....."

"ခွေးလိုကောင်!!!...."

ကျယ်လောင်လွန်းသောကျိန်ဆဲသံသည်
တော်ရုံတန်ရုံဒေါသတရားတွေနဲ့မဟုတ်။
ပွဲအလည်အဆဲခံလိုက်ရသောအမှုသည်
အလွန်ဆိုးဝါးကာ လူအားလုံးသည်
ရုတ်တရက်ပြေးဝင်လာသောမိန်းကလေးအပေါ်
စိတ်ဝင်စားမှုနှုန်းတွေမြင့်တက်သွားခဲ့သည်။
ဒါကမှပွဲဆိုတာမျိုးမလား။

ကင်မင်ဂျွန်သည် ထိုမိန်းကလေး၏
လက်တွေအားကြမ်းတမ်းစွာဆွဲဆောင့်ကာ
လူလည်ကောင်မှ ချက်ချင်းဆွဲထုတ်ခေါ်သွားသည်။
အလွန်ရုပ်ဆိုးလှသောအခြေအနေမလို့
Jimin သည်လည်းဆက်မနေတော့။
ကင်မင်ဂျွန်၏နောက်ကိုပြေးလိုက်သွားသည်။

ကင်မင်ဂျွန်သည် အခန်းတစ်ခုဆီကို
ထိုမိန်းကလေးအားဆွဲခေါ်သွားခဲ့သည်။
Jimin ရော မိဘတွေပါအကုန်ပြေးလိုက်လာကြတာ
ထိုအခန်းထဲကိုဝင်လာကြသည်။

ရေချယ်သည် မသိမသာလိုက်ကာ
အခန်းပြင်တစ်နေရာတွင်တိတ်တိတ်လေးခိုး
နားထောင်ဖို့အဆင်သင့်ဖြစ်နေခဲ့ပါ၏။

"လူယုတ်မာကောင်!!!!"

"သောက်ပါးစပ်ပိတ်ထားစမ်း!!!!"

Jimin သည်ဒေါသတွေဖြင့်နီရဲနေသော
မိန်းကလေးနှင့်ကင်မင်ဂျွန်ကြားဝင်ရပ်လိုက်ကာ

"ဘာဖြစ်လို့လဲ အစ်မက ဘယ်သူလဲ..."

"သူ့..မိန်းမ!!!!"

အက်ကြောင်းကဗျာ🍂Where stories live. Discover now