အပိုင်း(၇)

17.1K 2.1K 815
                                    

"မိသားစုသိက္ခာက်ိုနည်းအမျိုးမျိုးနဲ့ချတဲ့ကောင်!!"

"ကျွန်တော် သူပါတာကိုမသိဘူး
မယုံလည်းမတတ်နိုင်ဘူး !!"

"ဖြစ်နိုင်လား ဖြစ်နိုင်တာကိုပြောစမ်းပါ
မင်းကဘာလဲ မင်းရဲ့အကျင့်ကဒီလိုပဲလား
ပွေချင်ရှုပ်ချင်တဲ့စိတ်ကဖျောက်လို့မရဘူးလား
ရည်းစားဟောင်းတွေ့...ရည်းစားဟောင်းဆီ.."

"ဒယ်ဒီ!!JeonJungkookနဲ့ကျွန်တော်ပြတ်တာ
သေချာတယ်...ဘယ်တော့မှပြန်ပြင်လို့မရတဲ့
အမှန်တရားတစ်ခုပဲ...သူ့ကိုထည့်မပြောစမ်းပါနဲ့"

"ပြောရမယ်...မင်းတို့ပြတ်တယ်ဆိုရင်
ခရီးတစ်ခုကိုဘာလို့အတူတူထွက်လဲ
ကင်မင်ဂျွန်နဲ့မင်းအခြေအနေကအနေအထားတစ်ခု
ဆီရောက်နေပြီကို ဘာလို့မရှင်းမရှင်းတွေထလုပ်လဲ
ငါမျက်နှာအပျက်မခံဘူးနော်Jimin
ငါအကုန်စီစဉ်ပြီးနေပြီ....ငါတို့မိသားစုကို
ထပ်ပြီးအရှက်ရအောင်မလုပ်နဲ့....ငါအဖေအရင်း
မဟုတ်လို့ ငါ့မျက်နှာကိုမကြည့်ချင်နေ မင်းအမေကိုတွေး"

"ဒယ်ဒီက ဘယ်လိုလုပ်ဒီပြဿနာကို
သိသွားရတာလဲ...ကင်မင်ဂျွန်က
သံတော်ဦးတင်တာမြန်တာပဲ...
ကလေးဆန်လိုက်တာ..."

"ကလေးဆန်တာမဟုတ်ဘူး
လူကြီးဆန်တာ မင်းနဲ့ပြဿနာရှင်းရမယ့်
ကိစ္စကရှက်စရာမလို့ အုပ်ထိန်းသူကိုပညာသား
ပါပါ ဆုံးမခိုင်းတာ..."

"ရှက်စရာကိစ္စ ဘာတစ်ခုမှမလုပ်ထားဘူး
ကိုယ့်လိပ်ပြာကိုယ်လုံလို့ ဘာမှလည်းမရှင်းပြနိုင်ဘူး"

"ငါ Jungkookရဲ့စရိုက်ကိုသိနေပေမယ့်
ဒီလောက် အရှက်မဲ့လိမ့်မယ်လို့မထင်ခဲ့ဘူး
တော်တော် လျှော့တွက်လို့မရတဲ့ကောင်..."

"မလွန်လာနဲ့နော်....သူ့နာမည်ကိုထည့်မပြောနဲ့!!!!!

"ငါ့ကိုများ ဒီလေသံနဲ့...."

ကျယ်လောင်လွန်းသောအသံနှင့်အတူ
တစ်ခါမှဤမျှလောက်မရိုင်းပြခဲ့ဖူးသော
Jimin ၏အပြုအမူကြောင့်ဖျင်းခနဲသောဒေါသ
ဖြင့်ထိုင်နေရာမှ တွန်းရုံတွန်းလိုက်ခြင်းတွင်ယဲ့ယဲ့သာ
ရှိနေသောJimin သည်ခြေမခိုင်ကြမ်းပြင်ပေါ်ပြိုလဲကျသွားခဲ့သည်။

အက်ကြောင်းကဗျာ🍂Where stories live. Discover now