အပိုင်း(၃၁)

26.4K 2.2K 912
                                    


မောင်ကပြန်ရောက်ရောက်ချင်းပစ္စည်းတွေချ
Jimin ရဲ့အနွေးထည်ထူထူကိုချွတ်ပေးကာ
သိမ်းဆည်းသည်။ အပြင်သွားလိုက်ရ၍
လေစိမ်းမိကာဖျားများသွားမလားလည်း
စိုးရိမ်တာကြောင့် နဖူးကိုစမ်းသပ်ကာ
ရေနွေးပူပူလေးတစ်ခွက်လက်ထဲထည့်​ပေးထားသည်။

"မောင် ညစာ ချက်လိုက်ဦးမယ်
ပြီးရင်ဆေးသောက်ရမယ်
ဒီညတော့စောစောအိပ်လိုက်သိလား
အိမ်ပြန်တော့မှာဆိုတော့အဝတ်တွေလျှော်
ရဦးမယ်...ပြီးရင်သိမ်းရဆည်းရဦးမှာ...."

"အဝတ်တွေမလျှော်ပါနဲ့"

"မင်း ဟာလေးတွေတစ်ထည်နှစ်ထည်ပါ
ဘာပင်ပန်းမှာလဲ သေးသေးလေးတွေ..
အရင်တုန်းကလည်းငါလျှော်ပေးတာပဲ..."

"သိပါတယ်...ငါလည်းကူပါ့မယ်...."

မောင့်အကြည့်တွေသည်မကြည်လင်တော့။

"လူကြီးမလုပ်စမ်းနဲ့Jimin
အရင်တုန်းကလိုအဝတ်လျှော်ကြမယ်ဆို
တိုင်း ဗိုက်နာတယ်ဆိုပြီးအိမ်သာထဲတိမ်းရှောင်
နေတာမျိုးကိုပဲ ပြန်လုပ်လို့မရဘူးလား
ငါ ဘာတွေမင်းအပေါ်လိုအပ်နေသေးလို့လဲ"

"မဟုတ်ပါဘူး...မောင် မလိုအပ်ပါဘူး"

"နားတော့ မောင်လုပ်စရာ
ရှိတာလုပ်လိုက်ဦးမယ်..."

ဘောင်းဘီအိတ်ထဲကဖုန်းကိုထုတ်ကာ
စားပွဲပေါ်ပစ်ချလိုက်သံသည်အနည်းငယ်
ကျယ်သွားခဲ့သည်။အနွေးထည်ကိုချွတ်ကာ
ခုံပေါ်ပစ်တင်ပြီး Shirtအင်္ကျီလက်တွေကို
ခေါက်လျှက် ညစာပြင်ဖို့ကျောခိုင်းသွားသော
ကျောပြင်ကျယ်ကြီးအားJimin ကလှမ်းကြည့်
နေသည်။မောင် တစ်ချက်မှပြန်လှည့်မလာ
တော့ပါ။

လူ၂ယောက်ထဲနေသောအခန်းထဲ၂ယောက်လုံး
တ်ိတ်ကျသွားတော့အခြေအနေသည်ချက်ချင်း
ကြီးဝမ်းနည်းစရာကောင်းသွားခဲ့ပြီ။

မောင်ဟာ လုပ်စရာရှိတာတွေကို ခပ်သွက်သွက်
စိတ်ပါလက်ပါလုပ်ကိုင်ကာချက်ပြုတ်နေသည်။
စားစရာတွေတည်ထားတုန်း ချွတ်ထားသော
Jimin အင်္ကျီဘောင်းဘီများအားယူကာ
ရေချိုးခန်းထဲဝင်သွားသည်။ခဏနေတော့
ပြန်ထွက်လာခဲ့ပြီးသူများတိုက်ခန်းမလ်ို့
သန့်သန့်ရှင်းရှင်းထားရစ်ခဲ့ရမယ့်အသိနဲ့
ပစ္စည်းတွေကို​သေချာသိမ်းဆည်းနေသည်။

အက်ကြောင်းကဗျာ🍂Donde viven las historias. Descúbrelo ahora