အနမ်းဦးတွေနဲ့ အစအဆုံးမရှိခဲ့တဲ့
မြစ်ကမ်းဘေးက ခြေရာလေးတွေ....
ငယ်ရွယ်ခြင်းတွေရဲ့ ရယ်မောသံလေးတွေ..
အထက်တန်းကျောင်းUniform ဆင်တူလေးနဲ့
မောင့်ရဲ့ ယုယုယယ အနှောင်အတွယ်တွေကြား
ပျိုပျစ်နုနယ်ခြင်းတွေဟာလွမ်းစရာ.....။ရူးရူးမိုက်မိုက်အရွယ်ရဲ့
ရူးရူးမူးမူးဆယ်ကျော်သက်အရွယ်ကအချစ်ဟာ
သေးငယ်လှတယ်ထင်ရပေမယ့်
မေတ္တာမှန်တဲ့အခါ နှစ်ပေါင်းများစွာအထိလည်း
တည်တံ့နိုင်ခဲ့တယ်...။ကလေးလေးတွေ....
သူတို့ကလေးချစ်လေးတွေပေါ့။ကိုယ်စီကျောပိုးအိတ်ခပ်လျှော့လျှော့လွယ်
၂၀နားနီးအရွယ်နဲ့တက္ကသိုလ်Mainလမ်းပေါ်
ပုခုံးချင်းဖက် အချစ်တွေပြိုင်တော့
တက္ကသိုလ်တစ်ခုလုံးက အစားရှက်ပေးတယ်။စာသင်ဆောင်တွေထဲမချန် ကော်ရစ်တာအဆုံး
မောင် ချူပ်နမ်းတိုင်း ရှက်ရယ် ရယ်တတ်တဲ့
ကလေးတစ်ယောက်ရဲ့ ပျော်ရွှင်ခြင်းတွေဟာ
ခုထိတက္ကသိုလ်ထဲ အသက်ဝင်နေဆဲ။ထို သက္ကရာဇ်တွေက ထိတွေ့မိတဲ့လူတိုင်း
ထိတွေ့မိတိုင်းနေရာတိုင်းမှာ မောင်တို့အချစ်တွေဟာ
ပျံ့ပျံ့သင်းသင်းအမြဲကျန်ရစ်ခဲ့တယ်။လူငယ်တွေ....။
သူတို့ လူငယ်ဘဝရဲ့ အချစ်တွေပေါ့။