"Jungkook ...ငါတောင်းပန်နေတာပါ..."မောင်ကသပ်ရပ်တဲ့ခပ်တိုတိုဆံပင်တွေကိုမှန်ရှေ့တွင်
ကျကျနနပုံချနေသည်။ ထင်လင်းထွက်နေသော
မျက်နှာသည်မောင့်အစိတ်အပိုင်းတွေကိုတစ်ခု
ချင်းကိုရှင်းရှင်းလင်းလင်း။Shirt အင်္ကျီအဖြူကိုခန္ဓာကိုယ်နဲ့တသားထဲ
ကျအောင်ဝတ်ပြီး Necktie အနက်ရောင်ကို
သေချာချည်နှောင်နေသည်။အကောင်းလက်ပတ်
နာရီတစ်လုံးကိုပတ်လိုက်ကာရေမွှေးနည်းနည်း
စွတ်လိုက်သည်။ချပ်ချပ်ကပ်ကပ်ခန္ဓာကိုယ်နဲ့တစ်ခါလေးမှ
မပြင်ဆင်ဖူးသောအပြင်အဆင်မှာမောင်သည်
အလွန်ခန့်ညားနေခဲ့သည်။မာနရိပ်တွေပြေးနေသော
မျက်နှာရိပ်ဟာ မှန်ထဲတွင်အရှိန်အဝါကြီးစွာ။"ငါ..မသွားနိုင်စရာဘာအကြောင်းမှမရှိဘူး"
"ကင်မင်ဂျွန်ကိုထည့်တွက်မနေပါနဲ့
နင်ခံစားရမှာလေ....နင်ကြည့်နိုင်လို့လား..""ကြည့်နိုင်တယ်...."
"ဒါပြိုင်စရာမဟုတ်ဘူး!!
နင်တို့အဲ့လိုအတ္တတွေကြောင့်မဖြစ်ချင်ကြတာ
တွေဖြစ်ကုန်တာ အဓိကကနင်ပဲ...""နင်လိုက်မှာလား မလိုက်ဘူးလား ရေချယ်.."
ကျန်ခဲ့လို့လည်းသူ့ကိုစိတ်မချပါ။ဘယ်လို
တလွဲမာနတွေလဲ။အဆုံးအထိကိုမလျှော့တဲ့
မာန်တွေ။"Jimin ကလည်းနင်လာတာကိုကြိုဆိုမှာ
မဟုတ်ဘူး...ဘာလို့အားလုံးနာကျင်ရမယ့်
ကိစ္စကြီးကိုလုပ်ချင်နေတာလဲ....""လုပ်တော့ ဘာဖြစ်လဲ..."
"နင်နာကျင်ရမှာစိုးလို့အရူးကောင်ရဲ့!!!!"
"ငါဖိတ်စာရထဲကလုံလုံလောက်လောက်
နာကျင်ပြီးပြီရေချယ်...ငါနာရီပေါင်းများစွာ
ငိုခဲ့ပြီးပြီ...ငါ့ကိုယ်ငါတရားတွေလည်း
ချပြီးပြီ...ကံကြမ္မာက စီမံလာရင် ဘယ်လိုမှ
ပြောင်းလဲလို့်မရတဲ့သဘောတရားတွေကိုလည်း
ငါလက်ခံလိုက်ပြီ....ခုငါသူ့ပွဲကိုတက်တာ
ကင်မင်ဂျွန်ကိုမကျေနပ်လို့ဆိုတာမှန်ပေမယ့်
ပြဿနာလုပ်ဖို့လည်းမဟုတ်ပါဘူး....
ဒီတိုင်းသူ့ကိုကြည့်ချင်ရုံလေး
ငယ်သူငယ်ချင်းတစ်ယောက်အနေနဲ
အသိအမှတ်ပြုပေးရုံပါပဲ....."