အပိုင်း(၄)

16.4K 2K 598
                                    

"Happy Birthday မောင် ...ထတော့!!"

မနက်လေးနာရီမိုးတောင်မလင်းသေးအခန်းထဲ
ဝင်လာသော Birthday Suprise ကြောင့်
Jeonလန့်နိုးသွားသည်။

"ကလေး ဘာလာလုပ်တာလဲ...
အစောကြီးကို....."

"မောင့်မွေးနေ့လေ...ဘယ်သူမှဘာမှလာမလုပ်
ခင်ဦးဦးဖျားဖျားဖြစ်အောင် မိုးမလင်းခင်
Suprise လာလုပ်တာ Cakeပါတယ် ထ ထ..."

အင်္ကျီဝတ်အိပ်လေ့မရှိတဲ့Jeonခန္ဓာကိုယ်
ကြီးကိုမရမကဆွဲထူတော့အိပ်ချင်မူးတူးဖြင့်
ပါလာသည်။

"ညက သီချင်းရေးတာ ၂ခွဲမှမောင်အိပ်တာ
ခုမှသေချာအိပ်ပျော်သလိုခံစားရတာ
မနက်မှလုပ်ကွာနော် လာ ပြန်အိပ်မယ်..."

"မလုပ်ဘူး...ခု လုပ်မှာ...မောင်ဒါလေးကို
ငြိုငြင်တာလား ငါ ဒီCakeကိုတစ်ညလုံး
အချ်ိန်ပေးပြင်ဆင်ထားတာနော်..."

"ရေချယ်ကို လုပ်ခိုင်းထားတာ ငါသိနေတာကို
လာလိမ်နေသေးတယ်.."

"လိမ်တော့ဘာဖြစ်လဲ ထကွာ!!!"

1Year သက်တမ်းRelationship တုန်းကတော့
အထက်တန်းကျောင်းမှာ Popular ဖြစ်အောင်
Main လမ်းရှေ့နှင်းဆီပန်းတွေခင်းBD Suprise
တွေလုပ်ခဲ့တာမျိုး...ခေါတ်မှီအောင် လူအထင်ကြီး
အောင် ချစ်စကြိုက်စမှာ
နည်းမျိုးစုံဖြင့်အလွန့်အလွန်Roခဲ့သည်။

2Year 3Yearလောက်ကျ Romatic
ဖြစ်တဲ့ဆိုင်တွေတွင် သူငယ်ချင်းတချိူ့နဲ့
ပါတီယောင်ယောင်ဘာယောင်ယောင်မူးခဲ့ရူးခဲ့ရင်း
ပြီးခဲ့သည်။

4Year 5Yearလောက်မှာ တစ်ယောက်အခန်း
တစ်ယောက်လာနှစ်ယောက်ထဲအရက်ဝိုင်းထောင်
ပွဲတွေလုပ်ရင်ပိုက်ဆံတွေအပိုကုန်တယ်
မျက်စိတွေနောက်
နားတွေညီးတယ်ဟုနှစ်ဦးသဘောတူနှစ်ယောက်
ထဲသောက်ကာမူးပြီးဖက်အိပ်လိုက်တော့လည်း
ပြီးသွားတာပဲ။

6Year ရောက်လာတော့ မိုးလင်းရင်
အိမ်ရောက်လာမှာသေချာနေပြီမို့
ဘာလုပ်မှာလဲမေးပြီး
ဘာမှမလုပ်ချင်လည်း တစ်နေကုန်
တစ်ယောက်ကသီချင်းရေး တစ်ယောက်က
သီချင်းဆို ကွက်တိကျကြသောဝါသနာ
တွေအရ ဒီလိုပဲ နှစ်ယောက်ထဲ အေးဆေးဖြတ်သန်း
ဖို့ရာဖြစ်လာသည်။

အက်ကြောင်းကဗျာ🍂Opowieści tętniące życiem. Odkryj je teraz