"JeonJungkook မရှိဘူးလား
သူနဲ့တွေ့ချင်လို့...."ဆရာ့ခြံထဲတွင်မနက်စောစောဂစ်တာတီးနေ
တုန်း ခြံဝသို့ဆိုက်ရောက်လာခဲ့သောအနက်ရောင်
ကားအကောင်းစားကြီးကြောင့်Henryထိုကားဆီသွားလိုက်သည်။ကားပေါ်မှဆင်းလာသူသည်ခန့်ညားသော
အသွင်အပြင်ရှိပြီး လူကြီးတစ်ယောက်ဖြစ်နေသည်။"ရှိတယ်...အိမ်ထဲမှာမနက်စာစားနေတယ်ဗျ"
"ဟုတ်လား သွားခေါ်ပေးလို့ရမလား
ကင်မင်ဂျွန် လို့ပြောလို့ရပါတယ်
Jungkook ရဲ့အသိပါ...""ဟုတ်ကဲ့ ခဏလေးစောင့်နော်...."
"ကောင်းပါပြီ....."
သပ်ရပ်စွာသပ်တင်ထားသောဆံပင်တွေနဲ့
ခေါင်းစခြေဆုံးကျော့ကော့နေသော
ကင်မင်ဂျွန်ဟာလိုအပ်ချက်မရှိနေသော
ယောကျ်ားတစ်ယောက်၏ပုံစံပေါ်နေပါ၏။
တစ်လောကလုံးကိုအပိုင်ရသလို
အပြုံးတွေဖြင့်ဒီမနက်ဟာသိပ်မင်္ဂလာရှိတာပဲ။Jimin ဟာစိတ်နဲ့ကိုယ်နဲ့လူနဲ့မကပ်နေသော
ပုံစံမှ ဘာကိုများအဆင်ပြေသွားတယ်မသိ
ပုံမှန်ပြန်ဖြစ်လာသည်။စေ့စပ်ပွဲကိုအားကျိုးမာန်
တက်မပါဝင်တောင်အရင်ကလောက်မဆိုးဝါးတော့။သူ့အနေနဲ့Jungkookကိုတစ်ဖက်သတ်ကို
မကျေနပ်ခဲ့ပါ။ဆိုးလ်ကိုပြန်ရောက်လာထဲက
Jimin နဲ့အခြေအတင်တွေဖြစ်တိုင်းJeonJungkook
ဟာနေရာတစ်ခုကလူလိုအမြဲကာကွယ်ပေးခြင်း
တွေဖြင့်ဒေါသထွက်ရသည်။သူတို့နှစ်ပေါင်းများ
စွာတွဲခဲ့သောEffects တွေသည်လည်းသူ့အပေါ်
အမြဲတမ်းသက်ရောက်ခဲ့သည်။Jimin ကိုမပိုင်လည်းဇွတ်အပိုင်လုပ်ကာ
မနည်းကြိုးစားနေသည့်အချိန် ခရီးအတူတူ
ထွက်ကြတာမျိုး နောက်ဆုံးအခန်းတစ်ခန်း
ထဲဆီအတူတူဝင်သွားခဲ့တာမျိုးတွေဟာ
တစ်စက်ကလေးမှကိုမကျေနပ်စရာ။ရည်းစားဟောင်းဆိုတာရည်းစားဟောင်း
နေရာမှာပဲ မှေးမှိန်ပျောက်ကွယ်ရတော့မယ့်ဟာ
JeonJungkookဟာ အရောင်နည်းနည်းလေးမှ
မကျခဲ့။Jimin ကသူ့ပြောနေရင်သာမထုံတတ်တေး
ဆိုပေမယ့် အဟောင်းအနွမ်း ကိုစကားဝိုင်းထဲ
သူဆွဲထည့်လျှင် သေးသေးတောင်အတင်မခံတာတွေ။