များများချစ်လေ...များများရှုံးလေပဲ။
ရှုံးရတာမုန်းလို့နည်းနည်းပဲချစ်မယ်လေလို့လည်း
နှလုံးသားကိုစျေးဆစ်လို့မရခဲ့ဘူး။
မောင်လို့ ဆိုတာနဲ့ အကြင်သူခြေဖဝါးလေးအောက်
ကျွန်တော့်မေတ္တာတွေအရင်းကိုပြုတ်ခဲ့တယ်.......။ကလေးလေးရဲ့မောင်...။
~~~~~~~~
ရေချယ်ကအရက်မသောက်ဖို့ပြောခဲ့ပေမယ့်
ကျောင်းတုန်းထဲကစိတ်အတန်တန်ညစ်လာရင်
သွားခွေနေကျBarတစ်ခုရှိသည်။သိပ်အကောင်း
ကြီးတော့မဟုတ်ဆိုင်ရှင်ကအလုပ်လည်းသေချာမလုပ်
အမြဲလေလွင့်နေတတ်သူလည်းဖြစ်၏။Jeonတို့သူငယ်ချင်းစကွက်တစ်ခုလုံး
ခိုနားရာဖြစ်ပြီး ဘယ်သူဘာဖြစ်ဖြစ်
ထိုBarလေးကိုသွားကာငိုစရာရှိတာငို
ရယ်စရာရှိတာရယ် အထိန်းအမှတ်ပွဲတိုင်းလည်း
ထိုနေရာလေးမှာပဲလုပ်ခဲ့ကြသည်။အိမ်ပြန်ရမှာဝေးသွား၍ပျင်းသွားပြီ
ဖြစ်သည်။အရက်နည်းနည်းဝင်သောက်ပြီးမှ
ပြန်ဖို့ Barဆီဦးတည်လ်ိုက်ကာBarရဲ့တံခါးဆွဲဖွင့်တော့
ခြေလှမ်းတွေတိခနဲရပ်သွားစေသောမြင်ကွင်း။"နှစ်ယောက်လုံး အိမ်ပိုင်တယ်မလား
ကိုယ့်ကို တစ်ညလုံးအဖော်ပြုပေး
နေလို့မကောင်းလို့....""ရတာပေါ့....Oppaသဘောအတိုင်းပဲ..."
ParkJimin...။အသေအချာကိုParkJimin
ပဲ...။Barက မိန်းကလေးနှစ်ယောက်ကို
တစ်ဖက်တစ်ယောက်ဆီရင်ခွင်ထဲထည့်
ဖက်ထားကာအရက်ထိုင်သောက်နေသည်။မှားတာ....။သူမှားသွားတာ။
သောက်မှတ်ရှိပါလို့ စကားလုံးထွင်းကာ
နဖူးမှာ တက်တူးထပ်ဆိုးတဲ့ကျောက်စာ
ထွင်းထားသင့်ပြီ။လူကိုအလွန်တရာ
စိတ်ကုန်မုန်းတီးခဲ့လည်း အဲ့ဒီလက်နာရင်
ငိုယိုတတ်တဲ့အကျင့်ကြောင့် အိမ်ကိုငိုများ
ပြန်နေမလားဟုမှားတွေးလိုက်သေးတာ။တခြားတစ်ယောက်နဲ့မင်္ဂလာဆောင်တော့မှာ
လည်းသိတယ်လေ။ဒါပေမယ့် ဒါပေမယ့်
ဒီခြေထောက်တွေက သောက်ရူးလိုတားမရခဲ့ဘူး။
ဒုက္ခ မင်္ဂလာဆောင်ပြီး သူ့အိမ်ထောင်နဲ့သူ
ပျော်နေရင်တောင် ဘယ်ဘက်လက်ဒဏ်ပြန်ဖြစ်
တယ်ကြား ဒီလိုသာ ဒီအရူးကမယောင်မလည်
ထပ်လာချင်နေရင် သေတာအကောင်းဆုံးပဲ။