"၁၂နာရီလောက်တော့အရောက်လာစေချင်တယ်
Jungkook အင်တာဗျူးတွေလည်းရှိတော့လေ""ရပါတယ် လာမှာပေါ့ စိတ်ချပါ..."
"ဟုတ်ကဲ့...ဟိုလေ Jungkook အမျိုးသားကိုပါ
ခေါ်ခဲ့ပါဦးနော် စုံတွဲလိုက်ပွဲတက်တာလေးကို
ပရိသတ်ကပိုသဘောကျကြလို့...""ထားခဲ့လို့လည်းမရပါဘူးဗျာ ခေါ်ခဲ့မှာပါ..."
"ကျေးဇူးပါ ကျွန်တော်တို့စောင့်နေမယ်..."
"ကောင်းပြီ..."
လက်ထပ်ပြီးနှောင်းပိုင်းတွေကတော့မောင်က
သီချင်းပြန်ရေး သီချင်းပြန်ဆိုတဲ့အလုပ်ကို
ဝါသနာရောအိမ်ရဲ့စီးပွါးရေးရပ်တည်မှုတစ်ခု
အနေနဲ့ရောသေချာစွာပြန်လုပ်ခဲ့တယ်။ရေးလက်စသီိချင်းကိုလက်စသတ်ဖို့ကြိုးစားနေစဉ်
ဂီတဆုပေးပွဲတစ်ခုတက်ဖို့ကလည်းရှိနေသည်
မို့စိတ်သည်အနည်းငယ်လောလာပြီးဗိုက်ကလည်း
ဆာလာသည်။အိပ်ခန်းတံခါးကိုဖွင့်လိုက်ကာ
မနက်ကိုးနာရီကျော်သည်အထိအိပ်နေဆဲဖြစ်သော
အိပ်ရာထဲကမလှုပ်မယှက်လူလေးဆီလျှောက်
သွားလိုက်ပြီး"ကလေး ထတော့...မောင့်ကိုမနက်စာလေး
ထပြင်ပေးပါဦး မောင်သီချင်းလေးလက်စသတ်ချင်
လို့..."တစ်ဖက်ကိုလှည့်သွားခြင်းကြောင့်မောင်သည်
စာရွက်တွေကိုစားပွဲပေါ်ပစ်တင်လိုက်သည်။"ကလေးရေ...မောင်တို့ ၁၂နာရီကျပွဲတက်စရာ
လည်းရှိတယ် မင်းထပြီးပြင်ဆင်ပေးသင့်တယ်
မထင်ဘူးလား..."စောင်ကိုခေါင်းအထိဆွဲခြုံကာခန္ဓာကိုယ်လေး
ကိုယ်ပါထပ်ကွေးလျှက်ဟောက်သံတိုးတိုး
လေးကိုပါထပ်လုပ်ကြံလာသည်။"Jimin ငါအကောင်းနှိုးနေရင် ထလိုက်တော့နော်
အချိန်မရှိတော့ဘူး...."စောင်ထဲကခန္ဓာကိုယ်လေးကိုဆွဲလှုပ်ခါမောင်ကနှိုး
နေပေမယ့်လှုပ်ရှားမလာခဲ့။မောင်သည်ဤကဲ့သို့
မနက်မျိုးကိုစိတ်ကုန်နေရတာညားပြီးထဲကမို့
ဒေါသသည်ထွက်၍မရိုးနိုင်ခဲ့ပါ။