"Jimin!!!"
အေးစက်ကာ တုန်ရီနေမှုများမပျောက်သေးသော
ခန္ဓာကိုယ်သေးသေးလေးအားချီပိုးကာအပြင်ထွက်
လာတော့ အဆင်သင့်စောင့်နေသောရေချယ်က
Jeonဆီကိုပြေးလာသည်။"Jungkook.....ဘာဖြစ်....."
င်္အကျီဖြင့်ဖုံးကွယ်သယ်လာရလောက်သည်အထိ
အခြေအနေဟာတော်ရုံတန်ရုံဆိုးဝါးခြင်းမှမဟုတ်ဘဲ။
ဘာတွေများဖြစ်ပျက်ကုန်ပြီလဲဟုစိုးရိမ်ကြီးစွာ
ရေချယ် ပြေးလာတော့ မောင်က စူးရဲစွာတစ်ချက်
စိုက်ကြည့်လိုက်သည်။ရေချယ်၏တုံ့ခနဲရပ်သွားသောခြေလှမ်းတွေနဲ့
မေးမြန်းတော့မည့်စကားတွေသည်တိခနဲရပ်သွားသည်။"Namjoon Hyungဆီကိုမောင်း...."
အေးစက်စက်စကားတွင်ရေချယ်သည်
ခေါင်းတဆက်ဆက်ငြိမ့်ကာ
ကားနောက်ခန်းတံခါးကိုဖွင့်ပေးလိုက်သည်။"ဖြေးဖြေးမောင်း ...စကားမပြောနဲ့....."
ပျော့ခွေကျနေသောရင်ခွင်ထဲကအခြေအနေ
သည်မကောင်းမှန်းမောင်သိသည်။
အသက်ရှုသံတွေလည်းမမှန်သလို
ဘယ်အရာတစ်ခုမှလည်းမူမမှန်နေပါ။
အကြောက်လွန်ခြင်းသည် ဒီလောက်အထိပွေ့ဖက်
ထားတာတောင် တစ်ချက်တစ်ချက်လန့်ကာ
တုန်ရီနေတုန်း။မောင်သည် အင်္ကျီစလေးကိုအနည်းငယ်ဖယ်ကာ
နဖူးပေါ်ချွေးစတွေကိုသေသေချာချာသုတ်ပေးရင်း"မောင်တို့ Namjoon Hyung ဆီကို
သွားနေပြီ ကလေးနေမကောင်းရင်
Namjoon Hyungကပျောက်အောင်ကုန်ိုင်တယ်
ဆိုတာ သိတယ်မလား....."ဘာမှမဖြေနိုင်ဘဲ အသက်လုရှုနေရတဲ့ဒီဝေဒနာ
ဟာဘယ်တုန်းထဲကလဲ။ဘယ်တုန်းထဲကစိတ်ဖိစီးမှု
တွေလဲ။ ကိုယ့်အတ္တနဲ့ ကိုယ့်မာနတွေကိုသာ
တစ်သက်လုံးရှေ့တန်းတင်ခဲ့ပြီး အချစ်ကအသက်ရှူ
မဝတော့တာကိုသတ်ိမပြုမိတဲ့အဖြစ်။"အခြေအနေမကောင်းဘူးလား Jungkook.."
"ကောင်းတယ်....ဘာမှမဖြစ်ဘူး..."
မကောင်းဘူး ထပ်မမေးနဲ့ ဆိုတဲ့အဓိပ္ပာယ်။
ရေချယ်သည် နှုတ်ဆိတ်သာနေလိုက်ကာ
ဆေးခန်းဆီက်ိုပဲဖြေးဖြေးမှန်မှန်မောင်းသွား
လိုက်သည်။