2020ဟာ အတူတကွရှိခဲ့တဲ့ နောက်ဆုံးသော
ဆောင်းဦးရာသီလေးဖြစ်လိမ့်မယ်....။
နောက်တစ်ကြိမ်လာမယ့်ဆောင်းဦးရာသီမှာ
သူတို့အတူတူမရှိနိုင်ကြတော့ဘူးဆိုတာ
ကြိုမသိခဲ့လို့ မလျှော့စတမ်းဆိုးခဲ့ကြတာလား။ဟုတ်ပါရဲ့...ဘယ်သူမှအနာဂါတ်ကို
အတိအကျကြိုမမြင်နိုင်ကြဘူးလေ။
ကွဲကွာလိမ့်မယ်နော် သိထားရင်တော့လည်း
လျှော့ကောင်းတော့လျှော့နိုင်ပါရဲ့...။အသက်အရွယ်တစ်ခုရောက်လာတာရယ်...
ဘဝတဆစ်ချိုးအချိုးအကွေ့တွေရယ်
အတူတူရှိခဲ့ပြီးဖြစ်တဲ့ ၇နှစ်ကျော်ဟာ
နားလည်မှုတွေနဲ့ နှလုံးသားနှစ်ခုရဲ့ဟန်ချက်ညီခြင်း
တွေကိုစတင်တံခါးခေါက်လာခဲ့တယ်။အောင်မြင်တဲ့Relationship တစ်ခုတည်ဆောက်
ဖို့ဆိုတာ တစ်ယောက်ထဲက Perfect ဖြစ်နေလို့
မရဘူး။Relationship ဆိုထဲကနှစ်ယောက်လုံးဟာ
အရေးကြီးဆုံးအခန်းကဏ္ဍကလူတွေပဲ။
လူနှစ်ယောက်လုံးသေသေချာချာချစ်ပြတတ်ဖို့
လိုအပ်တယ်။အက်ကြောင်းကဗျာ။🍂
~~~~~~~
"နေ့မနားညမနား သီချင်းပဲရေးနေတယ်...
ငါပြဿနာရှာတော့ ကလေးအတွက်လုပ်နေတာ
လို့ခေါင်းစဉ်တပ်ပစ်တယ်...အဲ့တော့ဒီပါးစပ်ကြီးက
ဘယ်လို ဘယ်နားကို သွားအပြစ်တင်ရမလဲ"Hoseok သည် ဘာဖြစ်ခဲ့ကြတာလဲလို့
စပ်စုလာကြသည့်ဝန်ထမ်းမလေး
တွေအား Bar၏ထောင့်တစ်နေရာက
မျက်ရည်စတွေဝဲလျှက် လက်သေးသေးတွေကို
ရှုပ်ယှက်ခတ်အောင်လုပ်ပြကာ ဝမ်းနည်းနေသော
အမူးသမားလေးဆီကနေနောက်ကြောင်းပြန်ပြသည်။ပြောရမှာလည်းသိပ်စိတ်မပါနေတာကြောင့်
လိုရင်းတိုရှင်းအဆိုးဝါးဆုံးအခြေအနေကနေ
Hoseokကစခဲ့တဲ့အခါအလွန်ပြိုပျက်မှုများကို
စတွေ့ခဲ့ရသည်။"ငါအရမ်းဝမ်းနည်းတယ် TaeHyungရာ...
ငါ့ အိမ်မှာနေစရာမရှိလို့ သူ့နားကပ်နေရလို့
ParkJimin က ငါမရှိလို့မဖြစ်ပါဘူးဆိုတဲ့အချိုးနဲ့
အနိုင်များကျင့်နေသလားအောက်မေ့ရတယ်...""အန်ိုင်ကျင့်တော့လည်း ခံရတာပဲTaeHyungရ
ငါမှသူမရှိလို့မှမရတာ သောက်ရမ်းအားကိုးတာ
တွေက သောက်ရမ်းချစ်တာတွေက
မီးတောက်နော် သူငယ်ချင်း"